Home
မြန်မာသတင်း
H1N1 တုပ်ကွေးရောဂါဖြင့် အမျိုးသမီး ၁ဦးနှင့် ကလေးငယ် ၁ဦး ထပ်မံသေဆုံး
DVB
·
June 26, 2019
ရာသီတုပ်ကွေးရောဂါ H1N1 ပိုးတွေ့လူနာတွေထဲကနေ ဇွန် ၂၄ ရက်နဲ့ ၂၅ရက်အတွင်း ရန်ကုန်မှာ သတ်လတ်ပိုင်း အမျိုးသမီးတဦးနဲ့ အသက် ၁ နှစ်ကျော်အရွယ် ကလေးငယ်တဦးတို့ ထပ်မံ သေဆုံးသွားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန သတင်းပြန်ကြားရေးအဖွဲ့က ညွှန်ကြားရေးမှူး ဒေါက်တာ ဖြူဖြူအေးက "သေဆုံးသွားတဲ့အမျိုးသမီးက ရန်ကုန်ဆေးရုံကြီးမှာဆုံးတာပါ။ သူ့မှာနှလုံးရောဂါ အခံ ကြီးကြီးမားမားရနေတာပါ။ နောက်ကလေးကတော့ ရန်ကင်းကလေးဆေးရုံ ကုတင် ၅၅၀ ကပါ။ ကလေးမှာ မွေးရာပါ နှလုံးရောဂါရှိပါတယ်။” လို့ ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ  H1N1 နဲ့ သေဆုံးတဲ့လူနာ ၇ ဦး ရှိခဲ့တယ်လို့ ဇွန်လ ၂၃ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီးနောက် အခု ၂ဦး ထပ်မံသေဆုံးသွားတဲ့အတွက် ဇွန် ၂၅ ရက်နေ့အထိ ဒီရောဂါနဲ့ သေဆုံးသူ စုစုပေါင်း   ၉ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။ H1N1ရောဂါပိုး သံသယကြောင့် ပိုးရှိမရှိစစ်ဆေးခဲ့သူလူနာ ၁၈၉ ဦးထဲမှာ ရောဂါပိုးကူးစက်ခံရတဲ့ လူနာ ၃၅ဦး ရှိပြီး ရှိတယ်လို့ လည်း ကျန်းမာရေး ဌာနက သိရပါတယ်။ မေစု
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024