ကျိန်စာသင့် မကောင်းဆိုးဝါး အရုပ်ကလေး ပြန်လာပြီ – Annabelle Comes Home ရုပ်ရှင် (နမူနာ)

နာမည်ကြီး ဟောလိဝုဒ် Supernatural Horror အမျိုးအစား ရုပ်ရှင် Annabelle Comes Home ကို အမေရိကန်နိုင်ငံမှာ ရုံတင်ပြသနေပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေဖြစ်ကြတဲ့ Warner Bros. နဲ့ New Line Cinema တို့က ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Gary Dauberman က ရိုက်ကူး ပုံဖော်ပေးထားတာပါ။ ဒီရုပ်ရှင်ကားဟာ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Annabelle ရုပ်ရှင်နဲ့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Annabelle: Creation ရုပ်ရှင်ကားတွေရဲ့ နောက်ဆက်တွဲ ၃ ကားမြောက် ရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာဖြစ်ပြီး Conjuring Universe Franchise ရဲ့ ခုနစ်ကားမြောက် ရုပ်ရှင် ဖြစ်လာမှာပါ။ ကျိန်စာသင့်နေတဲ့ နာမည်ကြီးအရုပ်လေး Annabelle ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း အကြောင်းကို အခြေခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ Warren ဇနီးမောင်နှံ ၂ ယောက် သိမ်းဆည်းထားခဲ့တဲ့ Annabelle အရုပ်ကလေးဟာ မကောင်းဆိုးဝါးတွေ ပူးကပ်မှုကြောင့် ပြန်နိုးထလာကာ Warren မောင်နှံရဲ့ သမီးလေးဖြစ်တဲ့ Judy နဲ့အတူ ကလေးထိန်းနှစ်ယောက်ကိုပါ ခြောက်လှန့်တာတွေကို ကြည့်ရှုကြရမှာဖြစ်ပြီး ဘယ်လို သွေးပျက်ထိတ်လန့်စရာ အဖြစ်အပျက်တွေနဲ့ ဖန်တီး ရိုက်ကူးထားလဲ ဆိုတာကို ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ် ကလေးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Mckenna Grace၊ Madison Iseman၊ Katie Sarife တို့နဲ့အတူ အရင်ရုပ်ရှင်ကားတွေမှာ Warren မောင်နှံအဖြစ် အတွဲညီညီ သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Patrick Wilson နဲ့ Vera Farmiga တို့ကလည်း ပြန်လည်ပါဝင်ထားပါတယ်။ ဒီကားထဲမှာပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ သွေးထွက်သံယိုမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကားတွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ အရင်ထွက်ရှိခဲ့တဲ့ Annabelle ရုပ်ရှင် Series တွေဟာ Box Office မှာ ရုံတင်ဝင်ငွေ စံချိန်တင် ရရှိခဲ့တာမို့ ခုထွက်ရှိလာတဲ့ ရုပ်ရှင်ကရော စံချိန်တင်နိုင်ပါ့မလား ဆိုတာကို ပရိသတ်တွေ စိတ်ဝင်စားနေကြတာပါ။ ကြာမြင့်ချိန် ၁၀၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကား နမူနာဟာ လတ်တလောအချိန်ထိ ယူကျုပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၅ သန်းနီးပါး ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up