အိန္ဒိယနိုင်ငံ ချန်နိုင်းနှင့် မာဒူရိုင်မြို့များတွင် ရေရှားပါးမှုကြောင့် ဒေသခံများ ဆန္ဒပြ

အိန္ဒိယနိုင်ငံ ချန်နိုင်းနဲ့ မာဒူရိုင်မြို့တွေမှာ ရေရှားတဲ့ပြဿနာကြောင့် ဇွန်လ ၂၄ ရက်နေ့က ဒေသခံတွေ လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။ ချန်နိုင်းမြို့ ဒေသခံတွေနဲ့ ဒရာဗီဒါ မူနီထရာ ကာဇာရမ် ဒေသတွင်း ပါတီအဖွဲ့ဝင်တွေဟာ ရေအိုးတွေနဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ရေရှားနေတဲ့ အကျပ်အတည်းကို အစိုးရက တာဝန်ယူ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ မိုးခေါင်နေတဲ့ မာဒူရိုင်မြို့က ဒေသခံတွေကလည်း ဘာသာရေး ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က မိုးနည်းတာကြောင့် ချန်နိုင်းမြို့ကို ရေပေးဝေနေတဲ့ အဓိက ရေလှောင်တမန် လေးခုစလုံး အခုနှစ် နွေရာသီမှာ ခြောက်ခန်းသွားခဲ့ပါတယ်။ ၂၀၂၀ မှာ မြေအောက်ရေပါ ပြတ်လပ်နိုင်တယ်လို့ ပြီးခဲ့တဲ့နှစ်က အစိုးရ အကြံပေးအဖွဲ့တဖွဲ့ သတိပေးခဲ့တဲ့ မြို့ပေါင်း ၂၁ မြို့ထဲမှာ ချန်နိုင်းမြို့လည်း ပါပါတယ်။ အိန္ဒိယနိုင်ငံမှာ အခုနှစ်လည်း မုတ်သုံမိုး နောက်ကျတာကြောင့် နိုင်ငံအနောက်ပိုင်းနဲ့ အလယ်ပိုင်းတလျှောက် ရေရှားတဲ့ နောက်ထပ်ပြဿနာတွေ တိုးလာနိုင်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up