ဘာစီလိုနာတွင် နေမာနှင့် တွဲဖက်ကစားချင်ဟု ကော်တင်ဟို ပြော

ဘာစီလိုနာအသင်းကို နေမာ ပြန်လာမယ်ဆိုရင် ပျော်ရွှင်မိမယ်လို့ ဘရာဇီးအသင်းဖော် ကော်တင်ဟိုက ပြောပါတယ်။ နေမာဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့်လည်း အဆင်မပြေ ဖြစ်နေတာကြောင့် အသင်းဟောင်း ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့မယ်လို့ သတင်းထွက်နေတာပါ။ ဘာစီလိုနာအသင်းမှာ နေမာနဲ့ တွဲဖက်ကစားရမယ်ဆိုရင် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ပျော်ရွှင်မိမှာဖြစ်ပြီး ဘယ်လိုဖြစ်လာမလဲဆိုတာ မသိနိုင်ပေမယ့်လည်း သူနဲ့အတူ တွဲဖက်ကစားချင်တယ်လို့ ကော်တင်ဟိုက ပြောကြားခဲ့ပါတယ်။ နေမာဟာ ဒဏ်ရာရရှိခဲ့တာကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းကနေ နုတ်ထွက်ခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းကစားသမားတွေဆီ လာရောက်နှုတ်ဆက်ရင်း အားပေးစကား ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up