မက္ကဆီကို ဒုတိယအမြင့်ဆုံးမီးတောင် ပေါက်ကွဲ၊ ပေ ၈၀၀၀ ကျော်ထိ ပြာများမှုတ်ထုတ်

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းမှာ တည်ရှိတဲ့ ပိုပိုကာတီပီတယ်လ် မီးတောင်ဟာ ဇွန်လ ၂၁ ရက် ညနေပိုင်းက အကြီးအကျယ် ပေါက်ကွဲခဲ့ပြီး မီးတောင်ပေါက်ဝကနေ ပြာတွေ မှုတ်ထုတ်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။ အဲဒီမီးတောင်ဟာ မီးတောင်ပေါက်ဝကနေ အမြင့်ပေ ၈၀၀၀ ကျော်အထိ လေထဲကို ပြာတွေ မှုတ်ထုတ်ခဲ့တာပါ။ အမြင့်ပေ ၁၇,၈၀၀ ကျော်မြင့်တဲ့ ဒီမီးတောင်ဟာ မက္ကဆီကိုနိုင်ငံမှာ ဒုတိယအမြင့်ဆုံးတောင် ဖြစ်ပြီး မြောက်အမေရိကတိုက်မှာ ပဉ္စမမြောက် အမြင့်ဆုံးတောင် ဖြစ်ပါတယ်။

More News
Up