အခြေခံပညာကျောင်းများတွင် ရောင်းသည့်အစားအစာ ကျန်းမာရေးနှင့် မညီ
DVB
·
November 22, 2012
ရန်ကုန်တိုင်းအတွင်းက အခြေခံပညာကျောင်း မုန့်ဆိုင်များမှာ ရောင်းချနေတဲ့ အစားအသောက် အများစုဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးဗအုပ်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။
လှိုင်သာယာမြို့နယ်ထဲက ကျောင်းတွေကို ပညာပေးဖို့ သွားရောက်စဉ် လုပ်ငန်းလိပ်စာ မပါတဲ့ အချိုရည်ဘူးတွေ၊ ချည်ထည် ဆိုးဆေး သုံးထားတဲ့ တုတ်ထိုးနဲ့ အကင် အချဉ်ရည်တွေ၊ တရုတ်ကလာတဲ့ မုန့်ထုပ်တွေ စတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ တွေ့ရတယ်လို့ ရှင်းပြပါတယ်။
ဒီအတွက် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ မရောင်းချဖို့ သက်ဆိုင်ရာ ကျောင်းအုပ်နဲ့ ဆရာ၊ ဆရာမတွေကို ပညာပေးခဲ့ပြီး မကြာခင် မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မှော်ဘီ၊ တိုက်ကြီး စတဲ့ အခြေခံလူတန်းစားအများစု နေထိုင်တဲ့ မြို့နယ်တွေက ကျောင်းတွေကို
သွားရောက် ပညာပေးမှာ ဖြစ်ကြောင်း သိရပါတယ်။