Home
ရင်ဖွင့်စာ/ပေးစာ
ဥပဒေအပေါ်မှာ ရှိနေကြသူများ
DVB
·
November 22, 2012
ဒီနေ့ ဥပဒေ အပေါ်မှာ ဘယ်သူမှ ရှိမနေစေရဆိုပြီး လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ပွတ်လောရိုက်နေအောင် အသံတွေကြားနေရပါ့ဗျာ။ အဓိက ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာတော့ ဥပဒေဟာ သက်ဝင်မှုလုံးဝ (လုံးဝ) မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း ဒါကို အဓိကထားပြောနေပါတယ်။ ကျုပ်တို့ မကွေးတိုင်းဒေသကြီးမှာတော့ ပြောမနေနဲ့၊ လုပ်ချင်ရာလုပ်နေကြတာ။ တရားသူကြီးတွေနဲ့ ဒေသအာဏာပိုင်တွေ ပူးပေါင်းပြီး လာဘ်စားမှုတွေ၊ တရားစီရင်ရေးမှာ ကပြောင်းကပြန် လုပ်နေကြတာတွေဟာ ပြည်သူတွေ ဒီနေ့ထိ ခံနေရတုန်းပါပဲ။ ဥပမာ... ခုလတ်တလော ဖြစ်ပျက်နေတာပြောရရင် မကွေးဆိုတာ မြို့အကြီးကြီး မဟုတ်ပေမယ့် စီးပွားရေးနယ်ပယ်ကျယ်ပြန့်ပါတယ်။ စီးပွားရေးလုပ်ကိုင်ဖို့ လုပ်ကွက်တွေလည်း တနေ့တခြား ဖွံ့ဖြိုးနေပါတယ်။ ဒီအထဲမှာ မသမာမှုတွေနဲ့ လုပ်ကိုင်နေသူတွေဟာ အာဏာရှိတဲ့ တိုင်းဒေသကြီးက လူကြီးတွေ၊ တိုင်းနဲ့ ခရိုင်ရဲတွေ အပါအ၀င် တရားဥပဒေကို ကိုင်တွယ်နေတဲ့ တရားရေးဌာနက တရားသူကြီးတွေ၊ တရားရေးဝန်ထမ်းတွေ အစရှိတဲ့သူတွေနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာနေကြပါတယ်။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် တရားစီရင်ရေး နယ်ပယ်ပိုင် မကွေးမြို့ပေါ်မှာ တရားမဝင်လိုင်စင်မဲ့ ကားရောင်းဝယ်သူထံမှ ကား ၄ စီးဖမ်းဆီးရမိပြီး တရားစွဲ အမှုဖွင့်ခဲ့ပါသည်။ မြို့နယ်တရားသူကြီးနဲ့ သက်ဆိုင်ရာရဲစခန်းတို့က ပူးပေါင်းဆောင်ရွက်ကြပေမယ့် အမှုကွင်းဆက် မဖော်ထုတ်နိုင်ခဲ့ပါ။ နိုင်ငံတော် သွင်းကုန် အရေးကြီး  ပုဒ်မနဲ့ တရားစွဲဆိုပြီး တရားရုံးကို ပို့ဆောင်ခဲ့ပါတယ်။ အလားတူ ဟိုင်းလတ်ကားတစီး ထပ်မံ ဖမ်းမိပေမယ့် တရားသူကြီးက သက်သေမရှိဆိုပြီး အမှုကို စစ်ဆေးခြင်းမရှိဘဲ အောက်တိုဘာ ၈ ရက်နေ့မှ ဒီနေ့အထိ ပြီးပြတ်ခြင်းမရှိပါ။ အမှုကို ကြန့်ကြာစွာ စစ်ဆေးနေတဲ့အတွက် တရားခံဘက်က များစွာ ပြင်ဆင်ချိန်တွေ ရနေခဲ့ပါသည်။ ကားမှောင်ခိုတင်သွင်းသူဟာ အခု ၁ ကြိမ်သာ တင်သွင်း ကျူးလွန်သူ မဟုတ်ဘဲ  ရဟန်းသံတော်တွေကိုပါ လိမ်ပြီး လိုင်စင်မဲ့ကားတွေကို လိုင်စင်ရှိသယောင်၊ လိုင်စင် သေချာပေါက် ရစေရမည် အာမခံတယ်လို့ ပြောပြီး ကားတန်ဖိုး ငွေအကျေချေပြီးချိန်မှာ ကားနဲ့ သက်ဆိုင်တဲ့ အုံနာဘုတ်နဲ့ ကားလိုင်စင်တွေကို ပေးအပ်နှံခြင်းမရှိခဲ့ပါ။ တကယ်တော့ အဲဒီကားတွေဟာ လိုင်စင်မရှိ တရားမဝင် တင်သွင်းလာတဲ့ ကားတွေဖြစ်တယ်ဆိုတာ နောင်မှ ဘုန်းကြီးတို့ သိရပါတယ်။ ဒီဖြစ်ရပ်တွေကို တရားသူကြီးတွေ၊ ရဲအရာရှိတွေ သိရှိနေကြပါလျက်နဲ့ အမှု ကွယ်ပျောက်နေခဲ့ပါတယ်။ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို မတရားဝိသမလောဘသားတွေ ကျူးလွန်နေတာကို သိလျက်နဲ့ တရားသူကြီးတွေနဲ့ ရဲတွေဟာ ဥပဒေအပေါ် လုပ်ချင်သလို လုပ်နေကြပါတယ်။ တရားရေးမဏ္ဍိုင် တည့်မတ်စေရေးအတွက်  ဒီဗွီဘီကတဆင့်  ပြည်သူတွေ ကိုယ်စား တင်ပြလိုက်ရပါတယ်။ ဦးဇဝန (အောင်မေတ္တာဘုန်းကြီးကျောင်း၊  မကွေးမြို့)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024