ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအား မင်းလှမြို့တွင် ကန့်ကွက်ဆန္ဒပြ
DVB
·
June 23, 2019
ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပဲခူးတိုင်း၊ မင်းလှမြို့မှာ ဇွန် ၂၃ ရက်နေ့ မနက်ပိုင်းက လူအင်အား ၁၀၀၀ လောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ဦးဆောင်သူ ဦးမင်းလှိုင်က မြန်မာနိုင်ငံသားတဦးက နိုင်ငံခြားသားကလေးကို မွေးစားတဲ့ ဥပဒေသတ်မှတ်လိုက်မယ်ဆိုရင် အမျိုးသားရေးရော ဘာသာရေးပါ ထိခိုက်သွားမှာစိုးတာကြောင့် အခုလို ဆန္ဒထုတ်ဖော်ရတာလို့ ပြောပါတယ်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲမှာ လူမျိုးခြား ကလေးမွေးစားခြင်း ဥပဒေအလိုမရှိ၊ နိုင်ငံသားမဟုတ်သူများ လွှမ်းမိုးတဲ့အကြံ လက်မခံနဲ့ နိုင်ငံသားမဟုတ်တဲ့ ကလေးသူငယ် မွေးစားခွင့်ကို ကန့်ကွက်ရေးအပါအဝင် ကြွေးကြော်သံ ၁၀ ချက်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အဲဒီဆန္ဒထုတ်ဖော်ပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ခဲ့တာဖြစ်ပြီး မင်းလှမြို့က ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှာ အမျိုးသားလုံခြုံရေးအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ဦးဝင်းကိုကိုလတ်နဲ့ ရှေ့နေ ဦးအေးပိုင်တို့က ဟောပြောခဲ့ကြပါတယ်။
သတင်း - မေသွယ်