ပါကစ္စတန်က ခိုကိုးရာမဲ့ကလေးငယ်တွေ
ပါကစ္စတန်နိုင်ငံဟာ ကမ္ဘာမှာ အိမ်ခြေယာခြေမဲ့ ကလေးတွေအများဆုံး ရှိနေတဲ့ နိုင်ငံတွေထဲက တခုဖြစ်ပါတယ်။ မိဘမဲ့ကလေး ၁ သန်းလောက်ဟာ လမ်းပေါ်အိပ်၊ လမ်းပေါ်မှာပဲ ရှာဖွေစားသောက်နေကြပါတယ်။ ဒါပေမယ့် သူတို့ကို အစိုးရက နိုင်ငံသားမှတ်ပုံတင်တွေ မရှိလို့ဆိုပြီး အသိအမှတ်မပြုပါဘူး။ မှတ်ပုံတင်မရှိတာကြောင့်လည်း သူတို့အတွက် အလုပ်မရနိုင်ဘဲ ရှိနေပါတယ်။
မနှစ်ကတော့ ဗဟိုတရားရုံးချုပ်က မှတ်ပုံတင်တွေ ထုတ်ပေးဖို့ အစိုးရကို အမိန့်ပေးထားပါတယ်။ ကရာချီက သတင်းထောက် က၀ဲကမ်း (Khawar Khan) ရဲ့ သတင်းဆောင်းပါးအတိုင်းဆိုရင်တော့ အခုအချိန်အထိ သူတို့တွေ မှတ်ပုံတင်မရကြသေးပါဘူး။ မယုယမိုးက တင်ဆက်ထားပါတယ်။