ရွှေ့ပြောင်းနေထိုင်သူများ နေရပ်ပြန်ပို့မည့်အစီအစဉ် သမ္မတထရမ့် ရွှေ့ဆိုင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရွှေ့ပြောင်းနေထိုင်သူတွေကို ဇွန် ၂၂ ရက်မှာ အစုလိုက်အပြုံလိုက် မူရင်းနိုင်ငံဆီ ပြန်ပို့မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းထားတယ်လို့ ပြောပါတယ်။ ရွှေ့ပြောင်းနေထိုင်သူများအရေးကို ဒီမိုကရက် ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းနေတယ်လို့လည်း ပြောပါတယ်။ စနေနေ့ မွန်းလွဲပိုင်းက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ဒီအကြောင်းကို ထရမ့်က ရေးခဲ့တာပါ။ ဒီမိုကရက်ပါတီဝင်တွေဆီက မေတ္တာရပ်ခံချက်ကြောင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု ဖယ်ရှားရေး လုပ်ငန်းစဉ်ကို သီတင်းပတ် ၂ ပတ် ရွှေ့ဆိုင်းလိုက်တယ်။ ခိုလှုံခွင့် ပြသနာတွေအတွက် အဖြေကိုထုတ်ဖို့ ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန် အမတ်တွေ အတူတွဲ အလုပ်လုပ်နိုင်မလားဆိုတာ ကြည့်မြင်နိုင်ဖို့ ခုလိုရွှေ့ဆိုင်းတာလို့ ထရမ့်က ရေးပါတယ်။ တကယ်လို့ ညှိနှိုင်းလို့မရခဲ့ရင် ရွှေ့ပြောင်းနေထိုင်သူတွေကို မူရင်းနိုင်ငံ ပြန်ပို့တာ စမယ်လို့လည်း ထရမ့်က သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up