Live
ရင်ဖွင့်စာ
DVB
·
June 23, 2019
ရေအိုင်ကြီးကြောင့် သွားလာရေးခက်ခဲနေတဲ့ ကင်းဆုပ်ရွာ ကျတော်ကတော့ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းဆုပ်ရွာက ဖြစ်ပါတယ်။ အခုဓာတ်ပုံထဲမှာ မြင်ရတဲ့ရေအိုင်ကြီးကြောင့် ကားလည်းသွားမရ ဆိုင်ကယ်လည်း သွားမရ ဖြစ်နေပါတယ်။ ဒီလမ်းက ချောက်ရိုးလေးကိုဖြတ်ပြီး သွားရတာ ယခင်က အဆင်ပြေပါတယ်။ အခုတော့ အောက်က ယာခင်းအရှင်က ချောက်ရိုးကိုပိတ်ပြီး လယ်ကွင်းလုပ်လိုက်တော့ ရေက လမ်းထဲမှာပဲ ပြည့်ပြီး ခရီးသွား ရဟန်းရှင်လူများ အခက်တွေ့နေကြပါပြီ။ ဒီလမ်းက သွား မရတဲ့အတွက် တချို့ဆို ၁ မိုင်ကျော်လောက် ပိုဝေးတဲ့ အင်းငယ်ဒေါင့် ရွာဘက်ကနေ လှည့်သွား နေရပါတယ်။ ဒါကြောင့် တာဝန်ရှိလူကြီးမင်းများ သိစေဖို့ ဒီဗွီဘီကတဆင့် ဖော်ပြလိုက်ရပါတယ်။ Kyaw Thiha   အုပ်ဖုတ်လုပ်ငန်းကြောင့် ငှက်ပျောတောရွာသားများ မီးခိုးများ  နေ့စဉ်ရှူရှိုက်နေရ ကျမတို့ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရွှေပြည်အေးအုပ်စု၊        ငှက်ပျောတောရွာရဲ့ အနောက်တောင်ဘက် တဖာလုံလောက်မှာ ရှေးကတည်းက ရျိခဲ့သော ရိုးကလေးနဲ့ ဆည်ပေါက်စကလေးရဲ့ အရှေ့ဘက်ကပ်လျက်ရှိတဲ့ လယ်မြေကောင်းကို ၂၀၁၂ ခုနှစ်မှာ ဝယ်ယူပြီး အုတ်ဖုတ်လုပ်ငန်း အဆက်ဆက် လုပ်ကိုင်လာတာ အနီးနား ပတ်ဝန်းကျင် နေထိုင်သူတွေဟာ လေသင့်တိုင်း မီးခိုးအနံ့တွေကို မကြာမကြာ နေ့ညရှူရှိုက်နေရတာ ကြာမြင့်လှပြီဖြစ်ပါတယ်။ လူကြီမင်းများ သိရှိဆောင်ရွက်ပေးနိုင်ဖို့ ရေးသားလိုက်ရပါတယ်။ ငှက်ပျောတောရွာသူ   ကောလင်း-ခမောက်တောင် တံတား အမြန်ဆုံးဆောက်ပေးပါ စစ်ကိုင်းတိုင်း၊ ကောလင်း မြို့နယ်နဲ့ ခမောက်တောင်ကို ဆက်သွယ်ထားတဲ့ တံတား နှစ်စင်းကို ဆောက်လုပ်ရေး ကုမ္ပဏီက မိုးကျခါနီး တပြိုင်တည်း ဖျက်ပြီး အမြန်ပြန်မလုပ်တော့ ကျောင်းသွားတက်တဲ့ ကလေးတွေ၊ စာသင်လာတဲ့ ဆရာတွေ အခက် ကုံနေရပါတယ်ခင်ဗျ။ ကောလင်း - ခမောက်တောင် လမ်းကို အသုံးပြုကာ သွားလာနေကြရသူတွေ အားလုံး အခက်အခဲတွေ တွေ့နေကြရလို့ တံတားများ အမြန်ပြန်ဆောက်နိုင်ဖို့ အထက် တာဝန်ရှိလူကြီးများကို အများပြည်သူကိုယ်စား တောင်းဆိုလိုက်တယ်။ Aung Aung မိထ္တီလာမြို့ ဘူတာလမ်းက စည်းကမ်းမဲ့ လောင်စာဆီဆိုင်များ မန္တလေးတိုင်း၊ မိထ္တီလာမြို့၊ အရှေ့ပြင်ရပ်၊ ဘူတာလမ်းမှာ မိထ္တီလာ ဘူတာမြေက အငှားချ ထားတဲ့ လောင်စာဆီ ဓာတ်ဆီ ဆိုင်တွေဟာ စည်းကမ်းမဲ့စွာ သိုလှောင်ရောင်းချနေတာ နှစ်ရှည်လများစွာ ကြာခဲ့ပါပြီ။ မြို့အနေနဲ့ အရမ်းအန္တရာယ်များပါသည်။ ဘယ်ချိန် မီး ထလောင်မလဲလို့ အများပြည်သူ စိတ်မအေးရပါ။ မြို့နေပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစေဖို့ ကြိုတင်တားမြစ် ကာကွယ်ရန် မိတ္ထီလာ မြို့နယ်ရုံး ရပ်ကွပ်ရုံး စည်ပင် ရဲစခန်း မီးသတ် ဘူတာတို့ကို အသိပေးတိုင်ကြားသော်လည်း ဆောင်ရွက်ပေးခြင်းမရှိ။ ဘယ်ဌာန ဘယ်သူ့မှာ တာဝန်ရှိလဲ။ ထီလာတမြို့လုံး မီးလောင်ပြာကျစေနိုင်သည်ကို အလေးထား ဆောင်ရွက် ပေးစေလိုကြောင်း ထီလာမြို့ရဲ့ တာဝန်ရှိတဲ့ လူကြီးများ၊ ဌာနများ သိစေရန် ဒီဗွီဘီကတဆင့် တင်ပြအပ်ပါတယ်။ အမည်မဖော်လိုသူတဦး   ပန်းသာရွာ ချောင်းကမ်းပါး ပြုကျမှု  တာဝန်ရှိသူများ စစ်ဆေးပေးပါ မော်လိုက်မြို့နယ် ပန်းသာရွာ ပန်းသာချောင်းမှာ ချောင်းကမ်းပါးနှစ်စဉ်ပြိုကျ၍ စာသင်ကျောင်းနဲ့ နီးနေပြီး လယ်မြေများများစွာ ပျက်စီးဆုံးရှုံးမှုဖြစ်နေပါသောကြောင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကမ်းပါးပြိုကျမှုမှ သက်သာစေရန် ရေကာ ဆောက်လုပ်ပေးခဲ့ပါသော်လည်း ၎င်းရေကာတာမှာ ပြည်သူတွေ အကျိုးခံစားမှုမရှိပါဘဲ ယခုအခါပို၍ပင် ပြိုကျနေပါသည်။ အရင်လကုန်ပိုင်းမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လွှတ်တော် ကိုယ်စားလှယ်များ လာရောက်၍ စစ်ဆေးမှုပြုလုပ်ခဲ့ပါသည်။ သို့ဖြစ်ပါသော်လည်း ယခုအခါ ပုံပါ မြင်ရတဲ့အတိုင်း ၎င်းချောင်း ရေကာတာမှာ ချောင်းလမ်းလွဲပြီး ရေကာနှင့် တခြားစီဖြစ်နေ၍ ပို၍ပင်ပြိုကျနေပါသည်။ သို့ပါသောကြောင့် တာဝန်ရှိသူများပြန်လည်စစ်ဆေးပေးပါရန် တင်ပြလိုက်ရပါသည်။ Zayar Maung

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024