စပါးကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူရန် မန်ယူကြိုးပမ်း

ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားမှုမရှိတော့တဲ့ စပါးကွင်းလယ်ဖန်တီးရှင် ခရစ္စတီယန် အဲရစ်ဆင်ကို မန်ယူအသင်းက ခေါ်ယူဖို့ကြိုးပမ်းလာခဲ့ပြီလို့ သိရပါတယ်။ ပေါင်သန်း ၁၀၀ လောက်ရမှာသာ ထွက်ခွာခွင့်ပေးမယ်ဆိုတဲ့ စပါးဥက္ကဋ္ဌ ဒန်နီလီဗီရဲ့ ပြောစကားကြောင့် ယူနိုက်တက်တို့အနေနဲ့ ဈေးကြီးပေးပြီး ခေါ်ယူရဖို့ရှိနေပါတယ်။ အဲရစ်ဆင်ကိုခေါ်ယူဖို့ ရီးရဲမက်ဒရစ်အသင်းဟာ ကြိုးပမ်းခဲ့ဖူးပေမယ့် ချဲလ်ဆီးက ဟာဇက်ကို ခေါ်ယူနိုင်ခဲ့တာကြောင့် ကစားသမားရဲ့ ကြယ်စင်စုကစားသမားတွေနဲ့ သွားရောက်ပူးပေါင်းနိုင်ရေး အိပ်မက်ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြဇီဒန်းဟာ ပေါ့ဘာကို ဟာဇက်နဲ့တွဲကစားလိုတဲ့ ရည်ရွယ်ချက်ကြောင့် အဲရစ်ဆင်ကိုခေါ်ယူဖို့ လုံးဝစိတ်ဝင်စားမှုမရှိတော့တာလို့ သတင်းတွေမှာ ရေးသားဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up