ဘောဓိကုန်းကျေးရွာသားများ လယ်မြေလျော်ကြေး တောင်းဆို
DVB
·
June 23, 2019
ရခိုင်ပြည်နယ် မောင်တောမြို့ ဘောဓိကုန်းကျေးရွာ ရေလှောင်ဆည်ဆောက်ရာမှာ လယ်မြေတွေနဲ့ သစ်တောစိုက်ခင်းတွေ ပါဝင်သွားခဲ့တဲ့ ကျေးရွာသူ/သားတွေက လျော်ကြေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
မောင်တောမြို့အတွင်း ရေပေးဝေနေတဲ့ မြကန်သာဆည်မှ ရေနဲ့ မလုံလောက်တဲ့အတွက် ဘောဓိကုန်းကျေးရွာရဲ့ နောက်ဘက်မှာ မောင်တောမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ရေလှောင်ဆည်တခု တိုးချဲ့တည်ဆောက်ရာမှာ လယ်ယာမြေတွေနဲ့ သစ်တောစိုက်ခင်းတွေ ပါဝင်သွားတဲ့ ဘေဓိကုန်းကျေးရွာသားတွေဟာ လျော်ကြေးရရှိ လိုနေကြတာပါ။
ဘောဓိကန်းကျေးရွာရှိ အစုအဖွဲ့ပိုင်သစ်တော စိုက်ဧက ၅၀ ရှိရာမှ အခု ရေလှောင်ဆည်ဆောက်လုပ်ရာမှာ ၁၅ ဧက ကျော်ပါဝင်သွားပြီး စိုက်ပျိုးထားတဲ့ ပျဉ်းတိုး၊ မလေးရှားပိတောက်၊ မဟော်ကနီ ပင်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ဘိုးဘွားပိုင်လယ်မြေတွေအပြင် သစ်တောစိုက်ခင်းတွေပါသွားတဲ့ ကိုမောင်ညွှန့်က “ဒီလယ်မြေတွေဟာ ဘိုးဘွားမိဘတွေ လက်ထက်ကတည်းက စိုက်ပျိုးလာတဲ့မြေဖြစ်ပြီး အစိုးရက တရားဝင်ထုတ်ပေးထားတဲ့ ပုံစံ(၇)လည်း ရှိထားတဲ့မြေတွေပါ။ လယ်မြေအပါအ၀င် သစ်တော စိုက်ခင်းတွေအတွက် လျော်ကြေးသာလိုချင်တယ်”လို့ ပြောပါတယ်။
ရေလှောင်ဆယ် ဆောက်ရာမှာ လယ် ၁၀ ဧက ပါဝင်သွားတဲ့ ဦးကျော်မြက “ဒီလယ်တွေ လုပ်စားပြီး သက်မွေးဝန်းကျောင်းပြု နေရအာကြောင်း အခုလို ရေလှောင်ဆယ်ဆယ်ရာမှာ လုပ်စားနေတဲ့ လယ် ၁၀ ဧက ပါဝင်သွားတော့ ကျနော်တို့ ဘာနဲ့ လုပ်စားရမှာလဲ၊ လယ်ပါသွာတာ ၁၃ ဦးရှိတယ်၊ ၁၃ ဦးလုံး လျော်ကြေးသာ အမြန်ဆုံးလိုချင်တယ်”လို့ ပြောပါတယ်။
ဘောဓိကုန်းကျေးရွာ ရေလှောင်ဆည်ဆောက်ရာမှာ လယ်မြေပိုင်ရှင် ၁၃ ဦးရဲ့ လယ်မြေ ၁၇.၅၀ ဧက ပါဝင်သွားတဲ့အပြင် ကျေးရွာရဲ့ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း ဧက ၅၀ ထဲက ၁၅ ဧက ကျော် ပါဝင်သွားတယ်လို့ သိရပါတယ်။
ကျော်လင်းဦး