ဘရာဇီးက ပီရူးကို ၅ ဂိုးပြတ်အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအမေရိကန်ကဖလား အုပ်စု (အေ)  ပွဲစဉ်မှာ ဘရာဇီးအသင်းက ပီရူးအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဘရာဇီးအသင်းက ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် အသာစီးယူ ကစားနိုင်ခဲ့သလို ဂိုးကန်သွင်းခွင့်လည်း ပိုမိုရရှိခဲ့ပြီး ၅ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဘရာဇီးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ကာဆာမီရို၊ ဖာမီနို၊ အဲဗာတန်၊ အဲလ်ဗက်နဲ့ ၀ီလီယံတို့က ၁ ဂိုးစီသွင်းယူခဲ့တာပါ။ အုပ်စု (အေ) တခြား ပွဲစဉ်တခုမှာတော့ ဗင်နီဇွဲလားအသင်းက ဘိုလီးဗီးယားအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ဗင်နီဇွဲလားအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ဒါဝင်းက ၂ ဂိုးနဲ့ မာတီနက်ဇ်က ၁ ဂိုး သွင်းယူခဲ့တာပါ။ ဘိုလီးဗီးယားအတွက် တလုံးတည်းသော ချေပဂိုးကိုတော့  ဂျက်စတင်းနီရာနိုက သွင်းယူခဲ့တာပါ။ ကိုပါအမေရိကားဖလား အုပ်စု (အေ) မှာ ဘရာဇီးအသင်းနဲ့ ဗင်နီဇွဲလားအသင်းတို့ ကွာတားဖိုင်နယ် တက်ရောက်သွားပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up