စပိန်နွားရိုင်းပွဲတွင် အမျိုးသမီးတဦးအား အုပ်စုဖွဲ့အဓမ္မပြုကျင့်သူ ၅ ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ တိုးမြှင့်

၂၀၁၆ ခုနှစ်က စပိန်ရိုးရာ နွားရိုင်းပြေးပွဲမှာ အမျိုးသမီးငယ်တဦးကို အဖွဲ့လိုက် အဓမ္မပြုကျင့်တဲ့ အမျိုးသား ၅ ယောက်ကို တရားရုံးချုပ်က ဇွန် ၂၁ ရက်နေ့မှာ မုဒိန်းမှုနဲ့ ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့ပါတယ်။ ဒါဟာ  ကနဦး ချမှတ်ခဲ့တဲ့ လိင်ပိုင်းစော်ကားမှု ပြစ်ဒဏ်ကို တိုးမြှင့်ချမှတ်လိုက်တာဖြစ်ပြီး အသစ်ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အတွက် ဒါဇင်နဲ့ချီတဲ့ အမျိုးသမီးတွေ အောင်ပွဲခံခဲ့ကြပါတယ်။ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို အမျိုးသမီးအဖွဲ့တွေက ကြိုဆိုခဲ့ပြိး ဥပဒေပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးဖို့ ဆက်လက်တောင်းဆိုခဲ့ပါတယ်။ ၀ံပုလွေအုပ်စုဆိုပြီး အမည်တပ်ခေါ်တဲ့ အဲဒီအမျိုးသား ၅ ယောက်ကို မူလတုန်းက လိင်ပိုင်းစော်ကားမှုနဲ့ ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပါတယ်။ အဲဒီလို ချမှတ်တဲ့အပေါ် ဆန့်ကျင်ဆန္ဒပြပွဲ အများအပြားပေါ်ပေါက်ခဲ့တဲ့အတွက် အခုလို တရားရုံးချုပ်မှာ ထပ်မံကြားနာပြီး ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌက လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကတည်းက ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေကြောင့် မုဒိန်းမှုကျူးလွန်သူတွေအပေါ် ထောင်ဒဏ် ၁၅- နှစ်စီ ချမှတ်တာကို အောင်ပွဲခံပါတယ်လို့ ပြောပါတယ်။ တရားခံတွေရဲ့ ရှေ့နေဖြစ်သူက လူ့အဖွဲ့အစည်းဟာ သူ့အမှုသည်တွေအပေါ် ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်တဲ့အတွက် သူတို့အနေနဲ့ ပြစ်ဒဏ်လွတ်အောင် မစွမ်းနိုင်ခဲ့ဘူးလိ့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up