Home
မြန်မာသတင်း
မိုးရာသီ သစ်ပင်စိုက်ပျိုးလိုသူများအတွက် ပျိုးပင် ၁၀ သန်းကျော် အခမဲ့ဖြန့်ဝေပေးမည်
DVB
·
June 22, 2019
၂၀၁၉ မိုးရာသီအစမှာ သစ်ပင်အရေအတွက် ၃ သန်းကျော် စိုက်ပျိုးထားပြီး ဒီနှစ်မိုးရာသီမှာ သစ်ပင်စိုက်ပျိုးလိုသူတွေကို ပျိုးပင်အရေအတွက် ၁၀ သန်းကျော် အခမဲ့ ဖြန့်ဝေပေးမယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။ ဇွန်လ ၁၉ ရက်နေ့ ကျရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ တနိုင်ငံလုံးမှာ သစ်ပင်အရေအတွက် ၃ ဒသမ ၃ သန်းကျော် စိုက်ပျိုးခဲ့တာပါ။ တိုင်းနဲ့ ပြည်နယ်အနှံ့မှာ စိုက်ပျိုးခဲ့တဲ့သစ်ပင် ၃ သန်းကျော်ထဲမှာ ရှမ်းပြည်နယ်က အပင်အရေအတွက် ၇ သိန်းကျော်နဲ့ အများဆုံးစိုက်ပျိုးခဲ့တယ်လို့ ရှမ်းပြည်နယ်သစ်တောနဲ့ သယံဇာတဝန်ကြီး ဒေါက်တာညီညီအောင်က ပြောပါတယ်။ စိုက်ပျိုးရေးပညာရှင်တွေကတော့ စိုက်ပျိုးထားတဲ့ သစ်ပင်တွေကို မသေအောင် ပေါင်းရှင်းတာ၊ အစားထိုး စိုက်ပျိုးတာ၊ ရေမငတ်အောင်ထားတာ တောမီးနဲ့ တိရစ္ဆာန်အန္တရာယ် မကျရောက်အောင် ဂရုပြုရမယ်လို့ အကြံပြုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024