ယိုဟန္ဂမ္ဘာ ဖလားပြိုင်ပွဲတွင် အာဆင်နယ် ပါဝင်မည်

825
အာဆင်နယ်အသင်းဟာ ဘာစီလိုနာအသင်းက စီစဉ်ကျင်းပမယ့် ယိုဟန်ဂမ်ဘာ ဖလားမှာ ပါဝင်ယှဉ်ပြိုင် ကစားဖို့ အတည်ပြုလိုက်ပါတယ်။
ဟိုဟန်ဂမ်ဘာဖလားဟာ ၁၉၆၆ ခုနှစ်ကစပြီး ဘာစီလိုနာအသင်းက ရာသီကြို ခြေစမ်းဖလားအဖြစ် နှစ်စဉ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်ပြိုင်ပွဲမှာတော့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းကို ဖိတ်ခေါ်ခဲ့တာပါ။
ယိုဟန်ဂမ်ဘာဟာ ဘာစီလိုနာအသင်းကို တည်ထောက်ခဲ့တဲ့သူတွေထဲက အဖွဲ့ဝင်တဦးဖြစ်ပြီး ကစားသမားဟောင်း တဦးလည်းဖြစ်ကာ နောက်ပိုင်းမှာ အသင်းဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ဒါကြောင့် သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ယိုဟန်ဂမ်ဘာဖလားကို ဘာစီလိုနာအသင်းက စီစဉ်ကျင်းပလာတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် သြဂုတ် ၁၁ ရက်နေ့ နယူးကာဆယ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အဆိုပါပွဲမတိုင်ပီ သြဂုတ် ၄ ရက်မှာ ဘာစီလိုနာအသင်းရဲ့ နူးကမ့်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။