တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ် ကစားသမားဘဝက အနားယူ

အက်သလက်တီကို၊ လီဗာပူးနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်ဟာ အသက် ၃၅ နှစ်အရွယ်မှာပဲ ကစားသမားဘဝက အနားယူသွားပါတယ်။ တောရက်စ်ဟာ ချောမောတဲ့ ရုပ်ရည်ကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့သလို သူ့ရဲ့ ခြေစွမ်းကောင်းတွေနဲ့ သွင်းဂိုးတွေကြောင့် ကျော်ကြားသူလည်း ဖြစ်ပါတယ်။ တောရက်စ်ဟာ ဘောလုံးလောကမှာ ၁၈ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး သွင်းဂိုးပေါင်း ၂၉၈ ဂိုးထိ သွင်းယူပေးခဲ့ပါတယ်။ ကလပ်အသင်း အောင်မြင်မှုအဖြစ် ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလား၊ နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလားနဲ့ ဥရောပဖလား ၂ ကြိမ် ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up