ရွှေ့ပြောင်းသွားလာသူများ လျှော့ချရေး  မက္ကဆီကို-အယ်လ်ဆာဗေဒို ပူးပေါင်းဆောင်ရွက်မည်

ရွှေ့ပြောင်းသွားလာသူတွေ လျှော့ချရေး ပူးပေါင်းဆောင်ရွက်ဖို့ မက္ကဆီကိုနဲ့ အယ်လ်ဆာဗေဒို နှစ်နိုင်ငံ  ဇွန် ၂၀ ရက်နေ့က သဘောတူလိုက်ပါတယ်။ မက္ကဆီကို အစိုးရရန်ပုံငွေ ထောက်ပံ့တဲ့ ပရိုဂရမ်တခုအနေနဲ့ အယ်လ်ဆာဗေဒိုနိုင်ငံက ရွှေ့ပြောင်းဒုက္ခသည်တွေ အခြေတည်တဲ့ ဆင်းရဲဒေသတွေမှာ သစ်ပင်သန်းချီ စိုက်ပျိုးပြီး စီးပွားရေး တိုးတက်အောင် ဖန်တီးပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။ အဲဒီအစီအစဉ်အရ မြေဧက ၁ ဒသမ ၂ သန်းမှာ သစ်သီးပင်နဲ့ သစ်ပင်တွေ စိုက်ပျိုးဖို့ မက္ကဆီကို အစိုးရကနေ အမေရိကန်ဒေါ်လာ သန်း ၃၀ ထောက်ပံ့ကြေး ပေးသွားမှာပါ။ အဲဒီအကျယ်အဝန်းဟာ ဘောလုံးကွင်း အရေအတွက် ၉ သိန်းကျော်ထက် ကြီးပါတယ်။ အခမ်းအနားကို မက္ကဆီကို-ဂွါတီမာလာ နယ်စပ်မြို့ တက်ပါချူလာမှာ ပြုလုပ်ခဲ့ပါတယ်။ မက္ကဆီကိုသမ္မတ အိုဘရေဒါက ဒီအစီအစဉ်ကနေ အယ်လ်ဆာဗေဒိုနိုင်ငံမှာ အလုပ်အကိုင် ၂၀,၀၀၀ ဖန်တီးပေးပြီး ဟွန်ဒူးရပ်စ်နဲ့ ဂွါတီမာလာ နိုင်ငံတွေမှာလည်း အလားတူ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။ ဒီအစီအစဉ်ဟာ ကမ္ဘာ့ဒေသ အများအပြားကို အလင်းဆောင်မယ့် အလင်းရောင် ဖြစ်တယ်လို့ အယ်လ်ဆာဗေဒိုသမ္မတက ချီးကျူးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up