လမ်းမလျှောက်နိုင်သည့် ပါကစ္စတန် အဝဆုံးလူသား ဆေးရုံတက်ရန် စစ်ရဟတ်ယာဉ်ဖြင့်ပို့ (ရုပ်သံ)

ပါကစ္စတန်နိုင်ငံက အဝဆုံးလူသား နူးရ်ဟာဆန်ဟာ ဆေးရုံတက်ဖို့ လမ်းမလျှောက်နိုင်တာကြောင့် လူမှုမီဒီယာကတဆင့် အကူအညီ တောင်းခဲ့အပြီး စစ်တပ်က ကူညီခဲ့ပါတယ်။ ဇွန်လ ၁၈ ရက်နေ့မှာတော့ ကယ်ဆယ်ရေးဝန်ထမ်းတွေက သူ့ကို နေအိမ်ကနေ ကုန်တင်ကားပေါ် မရွှေ့ပြီး စစ်ရဟတ်ယာဉ်နဲ့သယ်ကာ လာဟိုးမြို့က ဆေးရုံကို ပို့ပေးခဲ့ကြပါတယ်။ ကိုယ်အလေးချိန် ၃၃၀ ကီလိုဂရမ်ရှိတဲ့ နူးရ်ဟာဆန်ရဲ့ ခန္ဓာကိုယ်ဟာ အိမ်တံခါးမကြီးနဲ့ မဆန့်တာကြောင့် ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ သူ့ကို အပြင်ထုတ်ဖို့ အုတ်နံရံ တစိတ်တပိုင်းကိုလည်း ဖြိုဖျက်ခဲ့ရပါသေးတယ်။ နူးရ်ဟာဆန်ဟာ အဝလွန်ပြီး နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေလည်း ခံစားနေရတာကြောင့် သူ့ဘာသာသူ လမ်းမလျှောက်နိုင်ပါဘူး။ ဒါ့ကြောင့် စစ်တပ်အနေနဲ့ သူ့ကို အထူးအစီအစဉ်နဲ့ ကူညီဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗစ် ဘာဂ်ျဝါက ပြောပါတယ်။ ပါကစ္စတန်နိုင်ငံ လူဦးရေရဲ့ ၂၉ ရာခိုင်နှုန်းဟာ အဝလွန်နေတယ်လို့ ၂၀၁၈ ခုနှစ်က ထုတ်ပြန်တဲ့ ပါကစ္စတန် ဟော်မုန်းဆိုင်ရာ လူ့အဖွဲ့အစည်း အစီရင်ခံစာတရပ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up