Home
မြန်မာသတင်း
လယ်သမားအရေးလှုပ်ရှားသူ ၂ ဦးကို ထောင်ဒဏ် ၁ လစီချမှတ်
DVB
·
June 20, 2019
လယ်သမားအရေးလှုပ်ရှားသူ ၂ ဦးကို မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တရားရုံး တွဲဖက်မြို့နယ် တရားသူကြီး (၂) က  ဒီကနေ့ ထောင်ဒဏ် ၁ လစီ ပြစ်ဒဏ် ချမှတ်လိုက် ပါတယ်။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ သံလျှက်မော် အနောက်ကမ်းနားလမ်းက ဖမ်းဆီးခံတောင်သူ ၆ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရေး ဆန္ဒပြတောင်းဆိုခဲ့စဉ်က  ခွင့်ပြုမိန့်မတင်ဘဲ ဟောပြောခဲ့တဲ့ အတွက် အပြစ်ရှိတယ်ဆိုပြီး ထောင်ဒဏ်ချမှတ်လိုက်တာပါ။ ပြစ်ဒဏ်ချခံခဲ့ရတဲ့ တံခွန်တောင်သူ လယ်သမားအရေးလှုပ်ရှားသူ ဦးမျိုးဝင်းက “ကျနော်တို့မှာ ဘာမှ ခံစားပိုင်ခွင့် မရှိဘူး။ ထောင်ဒဏ်တလ ဒါမှမဟုတ်ငွေဒဏ်အနေနဲ့ တသောင်းဆိုပြီး ဥပဒေက ပြဋ္ဌာန်းထားတယ်။ ဒါပေမယ့် ကျနော်တို့ကို အငြိုးတကြီးနဲ့ ထောင်ဒဏ်တလဆိုပြီး ချမှတ်လိုက် တယ်။ ငွေဒဏ်ဆိုတာပါ မလာဘူးလေ။ အခုလိုချမှ တ်လိုက်ကို လုံးဝမကျေနပ်ဘူး” လို့ ပြောပါတယ်။ သံလျှက်မော်အနောက်ရပ်ကွက် ချော်ဆိပ်ရပ်ကွက်က တောင်သူ တွေနဲ့ အငြင်းပွားနေတဲ့ မြေကွက်အမှတ် ၃၇၀ ဦးပိုင် (၁ - က) မြေဧက ၂ဧကခွဲကျော်ပ်ါမှာ နေထိုင်ကြတဲ့ တောင်သူမိသားစု ၆ ဦး ဖမ်းဆီးခံရတာကြောင့် ပြန်လွှတ်ပေးဖို့ ၂၀၁၈ နိုဝင်ဘာ ၁၆ ရက်နေ့က တခွန်တောင်သူလယ်သမားအဖွဲ့အနေနဲ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြရာမှာ တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားနေတဲ့ ကိုတိုးကြီးက ဦးဆောင် ဆန္ဒပြသူတဦးအနေနဲ့ စာတင်ပြီး ခွင့်ပြုမိန့်ရယူခဲ့ပေမယ့် ဟောပြောသူစာရင်းမှာ တောင်သူ လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးဝင်း မပါဘဲ ဟောပြောခဲ့တာကြောင့် ကိုတိုးကြီးနဲ့ ကိုမျိုးဝင်းတို့ကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၂၀ နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့ပါတယ်။ တရားလွှတ်တော်ရှေ့နေ ကိုမျိုးမင်းဇော်က “ခွင့်ပြုချက်တင်ပေမယ့် ဒေသန္တရ အမိန့်ကြောင့် အမှုဖွင့်တရားစွဲဆိုတာဖြစ်တယ်။ ဒေသန္တရအမိန့်က ဥပဒေအပေါ် လွှမ်းမိုးနေတဲ့ သဘောဖြစ်နေတယ်။ အမိန့်ချတာကလည်း များတယ်။ ဒေသန္တရအမိန့်ဖြစ်တဲ့အတွက် ငွေဒဏ် ဒါမှမဟုတ် ပြီးအပြတ်လွှတ်သင့်တယ်”လို့ ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024