မန္တ​လေး​ဆေးရုံ အမှိုက်ပုံးထဲတွင် ​မွေးကင်းစက​​လေး အ​လောင်း​​တွေ့ရှိ

မန္တ​လေးအ​ထွေ​အ​ထွေ​ရောဂါကု ဆေးရုံကြီးရှိ  ပြင်​ပလူနာဌာန အမှိုက်​ပုံးထဲကနေ အမှိုက်​တွေ သိမ်းဆည်းရာက မွေးကင်းစ က​လေးအ​လောင်းတလောင်းကို ဇွန်​လ ၁၉ ရက်​​ မနက်ပိုင်းက ​တွေ့ရှိတဲ့အတွက် အမှုဖွင့်​လှစ်ထား​တယ်လို့ တိုင်း​ဒေသကြီးရဲတပ်​ဖွဲ့ရုံးကနေ သိရပါတယ်။ ပြင်​ပလူနာဌာနမှာရှိတဲ့ အမှိုက်​ပုံးတပုံးကို စည်​ပင်​အမှိုက်​သိမ်းယာဉ်​က လုပ်​သားတွေ အမှိုက်​သိမ်းဆည်းနေစဉ်မှာ ​မွေးကင်းစက​လေး အ​လောင်း ​တွေ့ရှိခဲ့တာဖြစ်ပြီး ချမ်း​အေးသာစံမြို့မရဲစခန်းက တာဝန်​ရှိသူတွေက သွား​ရောက်​ စစ်​​ဆေးခဲ့တယ်လို့ သိရပါတယ်။ “စခန်းမှာ အမှုဖွင့်ထားပါတယ်​။ အမှိုက်​ပုံးထဲမှာ​တွေ့တာပါ” လို့ ချမ်း​အေးသာစံ မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ​ပြောပါတယ်။ ​သေဆုံး​နေတဲ့ ကလေးဟာ မွေးကင်းစ မိန်းက​လေးအ​လောင်းဖြစ်​ပြီး ၅ ​ပေါင်​ခန့်ရှိတယ်လို့ သိရပါတယ်။ အခုလို ​မွေးကင်းစက​လေးရဲ့အ​လောင်းကို စွန့်​ပစ်​ထားတဲ့အတွက် ချမ်း​အေးသာစံ မြို့မရဲစခန်းမှာ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၁၈ နဲ့ အမှုဖွင့်လှစ်ထားပြီး စွန့်ပစ်ခဲ့သူကို ဖမ်းဆီးရမိ​ရေး နယ်မြေခံရဲတပ်ဖွဲ့က ​ဆောင်​ရွက်​​နေပါတယ်။ သတင်း- ထိန်ထိန်လင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up