Home
မြန်မာသတင်း
ကျောက်ဖြူမြို့နယ်၌ ရွာချင်းဆက်လမ်း ပျက်စီးသွားပြီး ဒေသခံများသွားလာရေးအခက်တွေ့နေ
DVB
·
June 20, 2019
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ထဲက ကျေးရွာချင်းဆက်သွယ်ထားတဲ့လမ်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က မိုးသည်းထန်စွာရွာသွန်းခဲ့လို့ လမ်းကျိုးပေါက်ပျက်စီးသွားခဲ့တဲ့အတွက် ဒေသခံတွေ သွားလာရေး အခက်ခဲဖြစ်နေပါတယ်။ အဆိုပါလမ်းဟာ ပြင်ရှည်ကျေးရွာနဲ့ ကုလာဘာကျေးရွာ ကိုဆက်သွယ်ထားတဲ့လမ်းဖြစ်ပြီး လမ်းဖောက်လုပ်တဲ့နေရာမှာ ရေပြွန်မပါရှိတာကြောင့် မိုးရာသီမှာ လမ်းကို ရေကျော်ပြီး ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ ကုလာဘာကျေးရွာနေ ဦးချမ်းက “ဒီလမ်းရဲ့ပျက်စီးမှုကြောင့် ကျနော်တို့ဒေသခံတွေဟာ အဓိက နံပါတ်တစ်ကတော့ ကျောင်းနေကလေးတွေ သွားရေးလာရေး အခက်အခဲတွေ့နေ ရပါတယ်။ မူလတန်း ကလေးတွေကိုလည်း မိဘတွေကိုယ်တိုင်က လိုက်ပို့နေရတယ်။ မနက်ည အလုပ်လုပ်တဲ့လူကို ထမင်းသွားပို့လိုက် သွားရေးလာရေးအခက်အခဲရှိသလို နွားအခက်အခဲ လယ်လုပ်သားတွေနွားတွေ အခက်အခဲလည်းရှိတယ်”လို့ပြောပါတယ်။ အဲဒီလမ်းကို တာဝန်ယူထားတဲ့ ကုမ္ပဏီကို လမ်းမပျက်စီးခင်က လာကြည့်ဖို့ ဆက်သွယ်ပေမယ့် မရောက်လာဘူးလို့ ချောင်းဝကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အဲဒီကျိုးပေါက်ပျက်စီးသွားတဲ့ လမ်းနေရာတွေကို ကွင်းဆင်းစစ်ဆေးပြီးဖြစ်ကာ ယာယီအသုံးပြုနိုင်ဖို့အတွက် ကုမ္ပဏီကို ညွှန်ကြားထားပြီးဖြစ်တယ်လို့ ကျောက်ဖြူခရိုင် ကျေးလက်လမ်းဦးစီးဌာနက သိရပါတယ်။ ကျေးလက်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက  “မိုးကြီးတဲ့ ပြီးခဲ့တဲ့ ၁၁ ရက်နေ့က မိုးများပြီး လမ်း ၅ နေရာလောက် ပျက်ကျသွားတာ။ လောလောဆယ် အဲဒီဟာကို ထိမ်းဖို့အတွက်ကို ကျနော်တို့က မျှော်တုတ်ရိုက်ပြီးတော့ ကတ္တရာပြားတွေနဲ့ ကာကာပြီးတော့ အပေါ်ကသစ်သားချောင်းတွေနဲ့ ဆိုင်ကယ်တို့ လူတို့ ကူးလို့ရအောင်တော့ လုပ်ပေးသွားမှာပါ”လို့ ပြောပါတယ်။ အဆိုပါလမ်းဟာ အရှည် တမိုင် လေးဖာလုံ မြေသားလမ်းအမျိုးစားဖြစ်ပြီး ပြည်နယ် ဘက်ဂျက်ခွင့်ပြုငွေ ၄၉ သန်းနီးပါးနဲ့ ၂၀၁၉ ခုနှစ်က အောင်မင်းမြတ်ကျော် ကုမ္ပဏီက ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024