A d v e r t i s e m e n t With Us

နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရန် မြောက်ကိုရီးယားကို တောင်ကိုရီးယား တိုက်တွန်း

ကိုရီးယားနှစ်နိုင်ငံကြား နောက်တကြိမ် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ဖို့ မြောက်ကိုရီးယားကို တောင်ကိုရီးယားက ဇွန် ၁၉ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းတို့ စတုတ္ထအကြိမ် ထိပ်သီးတွေ့ဆုံဖို့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ တောင်ကိုရီးယား အထူးကိုယ်စားလှယ် လီဒိုဟွန်က အတ္တလန္တိတ်ကောင်စီ အခမ်းအနားမှာ ပြောခဲ့တာပါ။ လာမယ့်အပတ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆိုးလ်မြို့ခရီးစဉ် မတိုင်မီ တောင်ကိုရီးယားက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ သမ္မတ ထရမ့်ဟာ ဂျပန်နိုင်ငံမှာကျင်းပမယ့် ဂျီ၂၀ အစည်းအဝေး တက်ပြီးရင် တောင်ကိုရီးယားနိုင်ငံကို သွားဖို့ စီစဉ်ထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ ကင်ဂျုံအန်းနဲ့ ထရမ့်တို့ ပထမဆုံး သမိုင်းဝင် တွေ့ဆုံခဲ့တဲ့ ၂၀၁၈ မတိုင်ခင်ကတည်းက တောင်ကိုရီးယားဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေးကောင်းမွန်ဖို့ ကြားဝင်စေ့စပ်သူအဖြစ် အရေးပါပါတယ်။ ဖေဖော်ဝါရီလက ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အကြား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲဟာ မအောင်မြင်ဘဲ ပျက်သွားခဲ့ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားနဲ့ နောက်ထပ်ဆွေးနွေးဖို့ တံခါးဖွင့်ထားဆဲပဲလို့ အမေရိကန်က ပြောခဲ့ပါတယ်။ ဗီယက်နမ် အစည်းအဝေးမှာ အမေရိကန်က မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက် စွန့်လွှတ်ဖို့ ဖိအားပေးပြီး မြောက်ကိုရီးယားကလည်း သူ့အပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ဖြေလျော့ဖို့ တောင်းဆိုရာကနေ တဖက်နဲ့တဖက် အလျော့မပေးကြဘဲ နှစ်ဖက် တင်းမာမှုတွေ မြင့်တက်ပြီး ဆွေးနွေးပွဲ ပျက်သွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up