Home
မြန်မာသတင်း
တညင်းကုန်း​ဈေး​ဟောင်း မ​ပြောင်း​ရွှေ့​ရေးအတွက်​ ​ဈေးသူ​/​ဈေးသားများ ဆန္ဒပြ
DVB
·
June 20, 2019
တညင်းကုန်း​ဈေး​ဟောင်း မ​ပြောင်း​ရွှေ့​ရေးအတွက်​ ​ဈေးသူ​/​ဈေးသား အ​ယောက်​ ၅၀၀လောက် ဒီက​နေ့ မနက်​ပိုင်းက​ တညင်းကုန်း​​ဈေး​ရှေ့​က​နေ ​အင်းစိန်​မြို့နယ်​ ​မြောက်​ပိုင်းခရိုင်​ ​ဈေးများဌာန​ရှေ့ကို လမ်း​လျှောက်​ချီတက်​ ဆန္ဒ​ပြခဲ့ကြပါတယ်။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ တညင်းကုန်းဈေးဟောင်းကို ပိတ်သိမ်းတော့မှာဖြစ်လို့ ကျန်ရှိနေတဲ့ ဈေးသည် ၁၀၈၇ ယောက်ကို ဇွန်လ ၂၀ ရက်မှာ အပြီးပြောင်းရွှေ့ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဈေးများဌာနက လုပ်ဆောင်နေတာကို မကျေနပ်လို့ ဆန္ဒပြခဲ့ကြတာပါ။ ဈေးသည်​​တွေမသိဘဲ ကုမ္ပဏီနဲ့ ချုပ်​ဆိုထားတဲ့စာချုပ်​ကို ပယ်​ဖျက်​​ရေး၊ ရန်​ကုန်​မြို့ရှိ အခြား​ဈေး​တွေနဲ့အတူ မူလ​နေရာဖြစ်တဲ့ စည်​ပင်​သာယာလက်​​အောက်​မှာပဲ ​နေ​စေရေး၊ ရပ်​ဆိုင်းထားတဲ့အခွန်​​တွေ ပုံမှန်​ပြန်​လည်​​ ဆောင်​ရွက်​ခွင့်ရ​ရေး၊ တညင်းကုန်း​ဈေး​ဟောင်းကို မူလ​နေရာမှာဘဲ အဆင်​မြှင့်ပေး​ရေး၊ အများပြည်​သူ​တွေရဲ့ဘ၀​တွေ ကုမ္ပဏီလက်​​အောက်​ မ​ရောက်​ရှိ​ရေးတဲ့ ဗီနိုင်း​ပိုစတာတွေ ကိုင်​​ဆောင်​ပြီး ​ကြွေး​ကြော်​သံ​တွေနဲ့ ဈေးသည်တွေက ဆန္ဒ​ဖော်​ ထုတ်​ခဲ့ကြပါတယ်​။ တညင်းကုန်းဈေးဟာ ၁၉၈၅ ခုနှစ်မှာ အင်းစိန်ဘူတာဈေးအနေနဲ့ ရောင်းချခဲ့တာဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ ပြောင်းရွှေ့ရောင်းချခဲ့တာဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ လက်ရှိဈေးသစ် တည်ဆောက်ထားတဲ့နေရာမှာ လက္ကားဈေးသစ် တည်ဆောက်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က တင်ဒါခေါ်ယူခဲ့ရာမှာ ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီက  တင်ဒါအောင်မြင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီအနေနဲ့ အများပိုင် ကုမ္ပဏီပြုလုပ်ပြီး စီမံကိန်းကာလအဖြစ် လပေါင်း ၃၀ စည်ပင်နဲ့ အကျိုးတူလုပ်ငန်း ဆောင်ရွက်တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024