အီတလီ အဲ့ပ်စ် ရေခဲတောင်တန်းပေါ် ပျံသန်းပြခဲ့သည့် ဂျက်လေယာဉ်လူသား (ရုပ်သံ)
Published By
DVB | 20 June, 2019
1K
0
Share
0
Comment
0
Likes
ဂျက်လေယာဉ်လူသားလို့ နာမည်ကြီးနေတဲ့ ဗင့်စ်ရက်ဖေးဟာ ဇွန်လ ၁၅ ရက်က အီတလီ အဲ့ပ်စ် ရေခဲတောင်တန်းပေါ်မှာ ပျံသန်းပြခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ် ပြင်သစ်ပိုင်းလော့ဟာ ကာဗွန်ဖိုင်ဘာတောင်ပံတပ် ဂျက်ဝတ်စုံကို ဝတ်ပြီး တနာရီ ကီလိုမီတာ ၄၀၀ ဝန်းကျင် အမြန်နှုန်းနဲ့ ပျံသန်းခဲ့ပါတယ်။
အဲဒီ ဂျက်ဝတ်စုံကို ဆွစ်ဇာလန်နိုင်ငံက တိုက်လေယာဉ်မှူးနဲ့ လေကြောင်းလိုင်းကပ္ပတိန် အိဗ်ရော့စီက ဖန်တီးတည်ဆောက်ခဲ့တာပါ။
ဝတ်စုံမှာ လေယာဉ်ပျံသုံး အရှည် ၂ ဒသမ ၄ မီတာရှိ တောင်ပံတပ် ကျောပိုးအိတ် ပါဝင်ပါတယ်။
နောက်ပြီး အဲဒီဝတ်စုံမှာ လျှပ်စစ်ဓာတ်အားထုတ်ပေးတဲ့ ကိရိယာ ပါရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။