Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အနုပညာရှင်များ တောင်းဆုခြွေ
DVB
·
June 20, 2019
ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ သူ့ကိုလေးစားချစ်ခင်တဲ့ အနုပညာရှင်တွေက မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။ အဆိုတော် သျှီ က သူ့ လူမှုကွန်ရက်မှာ ကဗျာတပုဒ်၊ သီချင်းတပုဒ်နဲ့ မွေးနေ့ဆုတောင်း ပေးခဲ့ပါတယ်။ ကဗျာက ‘အိုဘယ့်… အမေ’ လို့ နာမည်ပေးထားပြီး ပန်းသော်လည်း မနွမ်း၊နွမ်းသော်လည်း မကြွေ၊ပြည်သူတွေ ရင်အေးစေဖို့၊ ပူသမျှ သူပယ်၊ ရင်နာလည်း သူဝှက်လို့၊ ဒဏ်ရာတွေ သူဖွက်ထားတယ်၊ အိုဘယ့် ... အမေ၊ တသက်တာ ဘဝကို စတေးလို့၊ ခက်တယ်လို့ သူ မတွေး၊ ရင်ဆိုင်တယ် အားမာန်အပြည့်နဲ့၊ ပြည်သူသာ၊ သူတွေးရှာတယ်၊ အံ့သြဖွယ် ပန်းတပွင့်၊ တို့ပြည်မှာ ပွင့်ခဲ့တယ်လေ လို့ ရေးသားစပ်ဆိုထားပြီး၊ နောင်နှစ်ပေါင်းများစွာတိုင်၊ ကျန်းမာ သက်ရှည်စွာဖြင့်၊ ပြည်သူ့မိခင်ကြီး၏ လိုရာဆန္ဒများ ပြည့်ဝပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးထားပါတယ်။ ဒါ့အပြင် ဒီနေ့ည ...အမေ့ ၇၄ နှစ်ပြည့် မွေးနေ့ပွဲမှာ၊ ကိုယ်တိုင်ရေးဆိုခဲ့တဲ့ ‘လဲတိုင်းထ’ ဆိုတဲ့ ဒီ သီချင်းလေးကို ဆိုပါမယ်ဆိုပြီး ဗီဒီယိုဖိုင်တခုကိုလည်း တင်ထားပါတယ်။ https://www.facebook.com/1579868168946005/videos/1651906365075518/ ရုပ်ရှင်သရုပ်ဆောင် လူမင်းကလည်း “အမေ (သို့မဟုတ်) စကားလုံးမရှိတဲ့ ကောင်းကင်” ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ တောင်းဆုခြွေထားပါတယ်။ https://www.facebook.com/photo.php?fbid=1229296550561966&set=a.251677374990560&type=3&theater သရုပ်ဆောင် ဇဏ်ခီရဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းစကားကတော့ ‘အဖေက သူ့သူငယ်ချင်းဆီက အမေ့ရဲ့ မိန့်ခွန်းခွေသစ်တွေ ရလာပြီဆိုရင် တအိမ်လုံး ပြတင်းပေါက်တွေပိတ်၊ ပတ်ဝန်းကျင်အနေအထားကို ထွက်ကြည့်၊ စိတ်ချရလောက်ပြီဆိုရင် မိသားစုတွေ TV အရှေ့မှာ စုထိုင်ကြပြီး အသံတိုးတိုးနဲ့ အခွေကိုဖွင့် ကြည့်ကြရတယ်။ အမေ့အသံ ကြားတာနဲ့ရှိတဲ့ ကြောက်စိတ် ကတဝက်လောက် ပျောက်သွားခဲ့တယ်။ အမှန်တရားတွေကို ချက်ကျလက်ကျပြောပြတိုင်း ကြက်သီးတွေထ၊ ရင်ထဲမှာစို့ တက်လာပြီး ၀မ်းသာဝမ်းနည်း စိတ်တွေနဲ့ ပြည့်လျှံနေခဲ့တယ်။  ထုံးစံအတိုင်း အမေ့ရဲ့ ဟာသလေးတွေနဲ့ အရွှန်းဖောက်တဲ့ နေရာလေးတွေဆိုရင် အားလုံးကို တဟားဟားနဲ့ ရယ်အောင်လုပ် ပေးနိုင်ခဲ့တယ်။ အမှန်တရားတွေကို အားလုံးရဲ့ရင်ထဲကို ရောက်အောင် သွင်းပေးနိုင်ခဲ့တယ်။ Powerless တွေကို Power ပေးခဲ့တယ်” ဖြစ်ပါတယ်။ ဒါရိုက်တာ ခရစ်(စ)တီးနားခီကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့  အထိမ်းအမှတ် ဆုတောင်းပေးခဲ့ရာမှာ ‘မေတ္တာတရားရဲ့ ရောင်ပြန်ဟပ်ခြင်း၊ သစ္စာတရားရဲ့ သက်ဝင်လာခြင်း၊ ဆန္ဒရဲ့စစ်မှန်မှုကြောင့် ပြည့်ဝလာခြင်း၊ များစွာသော သစ္စာတရား မေတ္တာတရားတို့ကြောင့် ဆန္ဒနဲ့ဘ၀ တထပ်တည်းကျရောက်ပါစေ’” https://www.facebook.com/photo.php?fbid=10157029220415552&set=pcb.1293207787499764&type=3&theater ဒါ့အပြင် သရုပ်ဆောင်ဒေါင်းကလည်း ၁၉ ဂျွန်၊ငြိမ်းချမ်းခြင်းများစွာ၊ အလင်းများစွာ၊ အနာဂတ်များစွာအတွက်၊ မွေးဖွားပေးခဲ့တဲ့နေ့၊ အမေစုကျန်းမာချမ်းသာပါစေလို့၊ ပြည်သူ တယောက်အနေနဲ့၊ ဆုမွန်ကောင်းတောင်းပါတယ်၊ မေတ္တာများစွာဖြင့်အောင်နိုင်ပါစေ၊ တို့ အားလုံးရဲ့ အမေ...လို့ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ အလားတူ ဒါရိုက်တာမောင်မျိုးမင်းဦးဆောင်တဲ့ နှင်းဆီရင်ခွင်အငြိမ့်အဖွဲ့၊ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ် ပြည့် မွေးနေ့အတွက် ဆုတောင်စကားများ အသီးသီး ပြောကြားခဲ့ကြတာကိုလည်း သူတို့ရဲ့ လူမှု ကွန်ရက်စာမျက်နှာတွေမှာ တွေ့မြင်ခဲ့ရပါတယ်။ https://www.facebook.com/daung.actor/photos/a.531859660228417/2302946643119701/?type=3&theater
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024