ငွေအလွဲသုံးစားမှု ဖြေရှင်းရာတွင် ဌာနဆိုင်ရာအကြီးအကဲများ တာဝန်ခံမှု မရှိ
DVB
·
November 21, 2012
ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့အစီရင်ခံစာအရ ၀န်ကြီးဌာန ၁၅ ခုရဲ့ ကျပ်ငွေ ၅၈ ဘီလီယံကျော်နဲ့ အမေရိကန်ဒေါ်လာ ၂ သိန်းကျော် အလွဲသုံးမှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အောက်ခြေ ၀န်ထမ်းတွေကိုပဲ အပြစ်ပေးအရေးယူနေတာ တွေ့ရပြီး ဌာနအကြီးအကဲတွေက တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူးလို့ ရှမ်းပြည်နယ် ကွန်ဟိန်း အမတ် ဒေါ်နန်းဝါနုက ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ စာရင်းစစ်ချုပ် အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေးစဉ်မှာ ခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အစီရင်ခံစာကိုကြည့်ရင် နိုင်ငံဝန်ထမ်းအများစုဟာ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်နေပြီး အတွင်းလှိုက်စားမှုများ ရှိနေကြောင်း သိသာထင်ရှားစွာ မြင်တွေ့နေရတဲ့အတွက် ဒါကို ကုစားဖို့
အချိန်ရောက်ပြီလို့လည်း သူက နှိုးဆော်သွားပါတယ်။