Homeမြန်မာသတင်း
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့တရားရုံးထုတ်စဉ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်း
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့တရားရုံးထုတ်စဉ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်း
DVB
·
June 19, 2019
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးကို မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဇွန်လ ၁၉ ရက်က ၇ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးပါတယ်။
ဒီနေ့ရုံးချိန်းအပြီး တရားခွင်ကထွက်အလာမှာ တရားစွဲခံထားရတဲ့ ကျောင်းသား လူငယ် တွေက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုတောင်းပေး ခဲ့ကြပါတယ်။
ပိတ်ဖြူပေါ်မှာ မင်နီနဲ့ ရေးထိုးတားတဲ့ မွေးနေ့ဆုတောင်းစာကို မီဒီယာတွေကို မပြသခင်မှာ တာဝန်ကျလုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ စကားများခဲ့ကြပါတယ်။
ဒီအမှုတွက် တရားလိုပြသက်သေ ၅ ဦး တင်ထားတဲ့အထဲမှာ တဦးက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တယောက်ဖြစ်နေတဲ့အတွက် တရားရုံးက သက်သေအဖြစ် လက်မခံဘဲ ပယ်ချလိုက်တယ်လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အတွက် လိုက်ပါဆောင်ရွက်ပေး နေတဲ့ ရှေ့နေကပြောပါတယ်။
စုစု