ဒေါ်စုမွေးနေ့နှင့် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မန္တလေးတွင် ဂျိုးဖြူငှက်လွှတ် ဆုတောင်း
Aung Aung Naing
·
June 19, 2019
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်မြောက် မွေးနေ့ပွဲကို မန္တလေးမြို့ မင်္ဂလာမန္တလေး ပရိုမိုးရှင်း ဧရိယာမှာ ဒီမနက်ကျင်းပရာမှာ ငြိမ်းချမ်းရေး ဂျိုးဖြူငှက် နှစ်ကောင်ကို မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ဇနီးတို့က လွှတ်ပေးခဲ့ပြီး မြန်မာပြည်ငြိမ်းချမ်းစေဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာချမ်းသာစေကြောင်း ဆုတောင်းပေးခဲ့ကြပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ဇနီး ဒေါက်တာယုယုမေတို့က တက်ရောက်လာတဲ့ ပြည်သူတွေကို မွေးနေ့ကိတ်ကျွေးခဲ့ကြပါတယ်။