မန်ယူတောင်ပံတိုက်စစ်မှူး မာရှယ်ကို ဝက်စ်ဟမ်း ခေါ်ယူလို

ဝက်စ်ဟမ်းအသင်းဟာ နောက်ခံလူ ဒီအော့ဖ်ကို အလိုက်ပေးပြီး မန်ယူ တောင်ပံတိုက်စစ်မှူး မာရှယ်ကို ခေါ်ယူလိုတယ်လို့ သိရပါတယ်။ မန်ယူကလည်း အသင်းရဲ့ ခံစစ်ပိုင်းကို ဖြည့်တင်းဖို့အတွက် ဝက်စ်ဟမ်းနောက်ခံလူ အစ်ဆာ ဒီအော့ဖ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ ဝက်စ်ဟမ်းအသင်းဘက်ကတော့ နောက်ခံလူ ဒီအော့ဖ်ကို ခေါ်ယူလိုတယ်ဆိုရင် တောင်ပံကစားသမား မာရှယ်ကိုလည်း အလိုက်ပေးဖို့ မန်ယူအသင်းကို တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။ အသက် ၂၂ နှစ်ရှိ ပြင်သစ်နောက်ခံလူ ဒီအော့ဖ်ဟာ ပြီးခဲ့တဲ့နှစ်ကမှ တူးလော့စ်အသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းနဲ့ ပြောင်းရွှေ့လာတာပါ။ မနှစ်က ဝက်စ်ဟမ်းအသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး စုစုပေါင်း ၃၈ ပွဲကစားကာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ဗဟိုခံစစ်နေရာကို အားဖြည့်ဖို့အတွက် ဒီအော့ဖ်အပြင် လက်စတာက မက်ဂွိုင်းယားကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up