တာလီဘန်တွေ ခြိမ်းခြောက်တာ ခံနေရတဲ့ ပါကစ္စတန်ကျောင်းသူလေး
DVB
·
November 21, 2012
နိုဝင်ဘာလ ၁၀ ရက်နေ့ကို မာလာလာ နေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်လိုက်ပါတယ်။ အမျိုးသမီးတွေပညာရေးအတွက် လှုံ့ဆော်စည်းရုံးတဲ့အတွက် တာလီဘန်တွေ သေနတ်နဲ့ ပစ်ခတ်တာကို ခံလိုက်ရတဲ့ ပါကစ္စတန် ကျောင်းသူလေး မာလာလာကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို သတ်မှတ်လိုက်တာပါ။
မာလာလာကို တာလီဘန်တွေ သေနတ်နဲ့ ပစ်ပြီး ၂ ပတ်အကြာမှာတော့ ဟင်နာခမ်း ဆိုတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးတယောက်နဲ့ သူ့မိသားစုကို တာလီဘန်တွေက ခြိမ်းခြောက်ခဲ့ပြန်ပါတယ်။
အစ္စလာမ္မာဘတ်ကနေ သတင်းထောက် မူဒါဆာရှာက သတင်းပေးပို့ထားပါတယ်။