Homeမြန်မာသတင်း
မန္တလေးတိုင်းတွင် ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၄၆၀၅၀ သန်းကျော် ထုတ်ချေးမည်
မန္တလေးတိုင်းတွင် ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၄၆၀၅၀ သန်းကျော် ထုတ်ချေးမည်
DVB
·
June 19, 2019
မန္တလေးတိုင်းဒေသကြီးမှာ ယခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း ၁၄၆၀၅၀ ဒသမ ၂၅ သန်း ထုတ်ချေးဖို့ လျာထားတယ်လို့ မန္တလေးတိုင်းဒေသကြီး မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။
ယခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေတွေကို စပါးသီးနှံ တဧကကို ကျပ်တသိန်းခွဲနှုန်း၊ အခြားသီးနှံ တဧကကို ကျပ်တသိန်းနှုန်းနဲ့ ထုတ်ချေးနေတာပါ။
အခုနှစ်မှာတခြားသီးနှံ တဧကကို ၅ သောင်းကျပ် တိုးမြှင့်ပေးခဲ့တာကြောင့် အရင်နှစ်ကထက် ကျပ်သန်းပေါင်း ၃၇၄၂၂ ဒသမ ၆၅ သန်း ပိုပြီး ထုတ်ချေးပေးရမယ်လို့ လျာထားပါတယ်။
၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေတွေကို မေလမှ စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးမှာဖြစ်ပြီး ဒီချေးငွေတွေကို ၂၀၂၀ ခုနှစ် ဧပြီ ၁၅ ရက် နောက်ဆုံးထားပြီး ပေးဆပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းမှာ မနှစ်တုန်းကတော့ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေတွေကို ၇၄၈၄၃၃ ဧကအတွက် ကျပ်သန်းပေါင်း ၁၀၈၆၂၈ ဒသမ ၆၀ သန်း ထုတ်ချေးပေးခဲ့ပါတယ်။
သတင်း- သော်တာ