Home
ရုပျသံ
အွန်လိုင်းပေါ်ရေပန်းစားနေသည့် နေ၀ါ၏ ဒေါ်စုမွေးနေ့ အထိမ်းအမှတ်သီချင်း (ရုပ်သံ)
DVB
·
June 19, 2019
    “ဘာကိုမှ မမျှော်လင့်ပါဘူး… ရေဆန်လမ်း အန္တရာယ်နဲ့ ကြုံတွေ့လည်း ရပါတယ် … အတူတူတွေး ညီညွတ်ရေးပါပဲ… ခံယူခဲ့ နာကျင်လည်း သူတွေးထားခဲ့တဲ့(စိတ်ဓာတ်မ ယိုင်လဲ)… ညင်သာတဲ့ ပုံစံနဲ့မြင်လည်း… ရင်ခွင်ထဲ ခိုင်မာတဲ့ သံမဏိစိတ်ရှိပါတယ်…ဖြူစင်တဲ့ မှန်ကန်တဲ့ စေတနာနဲ့ နှောင်တွယ်ရင်း ဒီမြေအတွက် သူကြိုးစားခဲ့တယ်”     ဒါကတော့ ဒီကနေ့မှာ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ထွက်ပေါ်လာတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။     အောင်ဆန်းစုကြည်လို့ ရိုးရိုးရှင်းရှင်း နာမည်ပေးထားခဲ့တဲ့ ဒီသီချင်းကိုတော့ တေးရေးတေးဆိုနေ၀ါက ကိုယ်တိုင်ဖန်တီးသီဆိုထားခဲ့တာ ဖြစ်ပါတယ်။     “ကြမ်းတမ်းခဲ့ လမ်းကို ခြေစုံပစ်ဝင်လာတယ်… ခါးသီးခဲ့ နေ့တွေအလယ်… မာန် ကိုကိုင် အံခဲရင်း… ဒီလူတွေထဲ လူအန္တတွေထဲ လူကမွေး လူလိုတွေး လူစိတ်ရှိပါတယ်… သူ့အသွေး သူ့အသားတွေလည်း နာကျင်လျက် ရင်ကိုခွဲ သူပစ်ထားခဲ့တယ်(ဒါဘယ်သူ့ အတွက်လဲ)”     ဒီကနေ့မှာ အသက် ၇၄ နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဖြတ် သန်းခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဒီမိုကရေစီရေဆန်လမ်းပေါ်မှာ ဘာကိုမှမမျှော်လင့်ပဲ ကြိုးပမ်းခဲ့ရမှုတွေကို ဒီသီချင်းစာသားတွေထဲမှာ ရေးဖွဲ့သီဆိုထားခဲ့တာ ဖြစ်ပါတယ်။     ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကိုတော့ Tay Than Thar အမည်နဲ့ ဖေ့စ်ဘွတ်ခ်အင်တာ နက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး အွန်လိုင်းပေါ်မှာ ရေ ပန်းစားနေခဲ့တာပါ။     “ကြမ်းတမ်းခဲ့ လမ်းကို ခြေစုံပစ်ဝင်လာခဲ့… ခါးသီးခဲ့ နေ့တွေအလယ်… မာန်ကို ကိုင် အံခဲရင်း… ဘယ်မှာလိုက်ရှာမလဲ… ဆူးခင်းထားတဲ့ လမ်းမထက်… အပြုံးများနဲ့ လှမ်းရင်း… ဘယ်မှာများလဲ သူ့အတွက် နွေးထွေးတဲ့…. နူးညံ့တဲ့… ခမ်းနားတဲ့… ထွေး ဖက်မှု… ဘယ်မလဲ… သူ့အတွက် ရည်ရွယ်ခြင်း… အောင်ဆန်းစုကြည်… ဘယ်မလဲ… အခက်အခဲများစွာနဲ့… အောင်ဆန်း စုကြည်… ဟေးရေးရေး” တေးရေးတေးဆို နေ၀ါကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ဒီသီချင်းနဲ့ ပတ်သက်ပြီး ခုလိုရေးသားဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။ “ဘယ်သူ့ကိုမှ ဖားယားခြင်းမပါ... စော်ကားခြင်းမပါ...ကျုပ်ယုံကြည်ရာ ကျုပ် လေးစားရာကို သီဖွဲ့ထားခြင်းဖြစ်သည်...နားထောင်ချင်လဲဖြစ်၏... နားမထောင်ချင်လဲ ဖြစ်၏...လူသားအားလုံးကို လေးစားစွာ တင်ပြခြင်းပဲ ဖြစ်ပါသည်” “ဘယ်မှာလိုက်ရှာမလဲ… ဆူးခင်းထားတဲ့ လမ်းမထက်… အပြုံးများနဲ့ လှမ်းရင်း… ဘယ်မှာများလဲ သူ့အတွက် နွေးထွေးတဲ့…. နူးညံ့တဲ့… ခမ်းနားတဲ့… ထွေးဖက်မှု… ဘယ် မလဲ… သူ့အတွက် ရည်ရွယ်ခြင်း… အောင်ဆန်း စုကြည်… ဘယ်မလဲ… အခက်အခဲ များစွာနဲ့… အောင်ဆန်း စုကြည်… ဟေးရေးရေး” လတ်တလောမှာတော့ ဒီသီချင်းရုပ်သံဗွီဒီယိုအောက်မှာ ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ဆုတောင်းတာတွေ၊ သီချင်းကို ရေးဖွဲ့သီဆိုခဲ့သူ နေ၀ါကို ချီးကျူးတဲ့ မှတ်ချက်တွေကို ပရိသတ်တွေက ပေးနေခဲ့ကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024