ကိုကိုးကျွန်းကိုပြေးဆွဲမည့် သင်္ဘောဝယ်ယူရန် ရှေ့နှစ်တွင် ထပ်မံကြိုးစားမည်
အာကာ
·
June 19, 2019
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုကြောင့် မအောင်မြင်ခဲ့တဲ့ ကိုကိုးကျွန်းကိုပြေးဆွဲမယ့် ခရီးသည်တင်သင်္ဘောဝယ်ယူမယ့်ကိစ္စကို နောက်နှစ်မှာ ထပ်မံတင်ပြသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဇွန်လ ၁၈ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်း လျာထားချက်ကို လွှတ်တော်ကို ပြန်လည် ရှင်းလင်းရာမှာ ကိုကိုးကျွန်းကို ပြေးဆွဲမယ့် သင်္ဘောဝယ်ယူမယ့်ကိစ္စကို ပယ်ဖျက်လိုက်တယ်လို့ တိုင်းဒေသကြီး စီမံဘဏ္ဍာ ဝန်ကြီးက တင်ပြခဲ့ပါတယ်။
ကျပ်ငွေ ၅ ဘီလီယံ အသုံးပြုပြီး သင်္ဘောဝယ်ယူပြေးဆွဲဖို့ ယာထားခဲ့တာဖြစ်ပြီး ကိုကိုးကျွန်းနေ ပြည်သူတွေရဲ့ တောင်းဆိုချက်အရ သင်္ဘောပြေးဆွဲပေးဖို့ စီစဉ်ခဲ့တာလို့ ဝန်ကြီးချုပ်က လွှတ်တော်အစည်းအဝေးအပြီး မီဒီယာတွေကို ဖြေကြားပါတယ်။