တရားမ၀င် နေရပ်ရွှေ့ပြောင်းသူများကို လာမည့်အပတ် ဖယ်ရှားမည်ဟု သမ္မတထရမ့်ပြော

အမေရိကန်နိုင်ငံထဲက သန်းချီတဲ့ တရားမ၀င် နေရပ်ရွှေ့ပြောင်းသူတွေကို လာမယ့်အပတ်ကစပြီး ဖယ်ရှားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၁၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်အေဂျင်စီ (ICE) အဖွဲ့က ဦးဆောင်ပြီး အမေရိကန်နိုင်ငံတွင်းမှာ တရားမ၀င်နေထိုင်တဲ့ သန်းနဲ့ချီတဲ့သူတွေကို ဖယ်ရှားသွားမယ်လို့ ထရမ့်က သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားခဲ့တာပါ။ အမေရိကန်နိုင်ငံထဲမှာ တရားမ၀င်နေရပ်ရွှေ့ပြောင်းသူအရေအတွက် ခန့်မှန်းခြေ ၁၂ သန်းလောက်ရှိပြီး အများစုက မက္ကဆီကိုနဲ့ ဗဟိုအမေရိက နိုင်ငံတွေကပါ။ အမေရိကန်ကို ဦးတည်ခရီးနှင်လာတဲ့ ဗဟိုအမေရိက နေရပ်ရွှေ့ပြောင်းသူတွေ စီးဝင်တာကို ထိန်းချုပ်ပေးမယ်ဆိုရင် အမေရိကန်က မက္ကဆီကို သွင်းကုန်တွေ အပေါ်မှာ အခွန် ၅ ရာခိုင်နှုန်း တိုးမြင့်စည်းကြပ်တာကို ဖြေလျော့ပေးဖို့ အခုလအစောပိုင်းက အမေရိကန်နဲ့ မက္ကဆီကိုတို့ သဘောတူခဲ့ကြပါတယ်။ အဲဒီသဘောတူညီချက်အရ အမေရိကန်နဲ့နယ်စပ်မှာ မက္ကဆီကိုအစိုးရက အမေရိကန်နဲ့နယ်စပ်မှာ အမျိုးသားအစောင့်တပ် စစ်သားတွေကို နေရာချထားပြီး လုံခြုံရေး တိုးမြှင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up