A d v e r t i s e m e n t With Us

မြောက်ကိုရီးယားတွင် ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းပြပွဲ ဖွင့်လှစ်

မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းမှာ ဇွန် ၁၇ ရက်နေ့က နိုင်ငံသိပ္ပံနဲ့ နည်းပညာ ပြပွဲ အစိတ်အပိုင်းအနေနဲ့ ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းjပပွဲကို ဖွင့်လှစ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA မှာ ဖော်ပြပါတယ်။   မြောက်ကိုရီးယား နိုင်ငံသားတွေနဲ့ ပြည်ပဧည့်သည်တွေဟာ ခန်းမထဲမှာ ပြသထားတဲ့ ရေသန့်စက်တွေ၊ ဂျင်ဆင်းနဲ့ လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို  လှည့်လည် ကြည့်ရှုနေကြတဲ့ ရုပ်သံဖိုင်ကို KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီသတင်းကို သီးခြားလွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်တာတော့ မရှိပါဘူး။ အဲဒီပြပွဲမှာ မြောက်ကိုရီးယား၊ တရုတ်၊ ရုရှားနဲ့ တခြားနိုင်ငံတွေက အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ပူးပေါင်းပါဝင်ပြီး ကျန်းမာရေး ပစ္စည်း အမျိုးမျိုးကို ပြသသွားမယ်။ ပြပွဲကို Sci-Tech Complex မှာ ဇွန် ၂၁ ရက်နေ့အထိ ကျင်းပသွားမယ်လို့ KCNA သတင်းက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up