ချဲလ်ဆီးနည်းပြရာထူးကို ဖရန့်လမ်းပတ် လက်မခံပါက အံ့အားသင့်စရာ ဖြစ်မည်

ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ဖရန့်လမ်းပတ်အနေနဲ့ ချဲလ်ဆီးနည်းပြရာထူးကို လက်မခံခဲ့ရင် အံ့အားသင့်စရာဖြစ်လိမ့်မယ်လို့  အင်္ဂလန်နည်းပြ ဟယ်ရီရက်ဒ်နက်က ပြောပါတယ်။ ရက်ဒ်နက်ဟာ လမ်းပတ်နဲ့ ဦးလေးတော်စပ်သူဖြစ်ပြီး ချဲလ်ဆီးနည်းပြရာထူးကို သူ့ရဲ့ တူဖြစ်သူက လက်ခံဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။   လမ်းပတ်ဟာ ချဲလ်ဆီးအသင်းရဲ့ ဂန္ထ၀င် ကစားသမား တဦးဖြစ်တာကြောင့် အသင်းနဲ့ ပတ်သက်ပြီး အရာအားလုံးကို သိမြင်သူဖြစ်သလို ကစားသမားတွေဘက်ကလည်း သူ့ကို လေးစားမှုရှိလိမ့်မယ်လို့ ရက်ဒ်နက်က ပြောပါတယ်။   ချဲလ်ဆီးအသင်းဟာ အသင်းနည်းပြ ဆာရီကို ထွက်ခွါခွင့်ပေးခဲ့တာကြောင့် လက်ရှိအချိန်မှာ နည်းပြရာထူး လစ်လပ်နေတာဖြစ်ပါတယ်။    လမ်းပတ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို ကိုင်တွယ်ခဲ့ပြီး တန်းတက်ခွင့်ရဖို့ နီးစပ်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာကို ရူံးနိမ့်ခဲ့ပါတယ်။    လမ်းပတ်ဟာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ကြိမ်၊ အက်ဖ်အေဖလား ၄ကြိမ်၊ လိဂ်ဖလား ၂ကြိမ်၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဖလား ၁ကြိမ်စီရယူနိုင်ခဲ့ သူဖြစ်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up