Home
ရုပျသံ
ရန်ရန်ချန်းနှင့် ရက်ပ်အပြိုင်ရွတ်ပြခဲ့သည့် The Voice Myanmar ပြိုင်ပွဲဝင် မယ်လိုဒီခေါင်(ရုပ်သံ)
DVB
·
June 18, 2019
    “အိပ်မက်ထဲကအဆိပ်တွေ… ဦးနှောက်မှမရှိတာကိုး… အိပ်မက်ထဲကအဆိပ်တွေ … ဦးနှောက်မှမရှိတာကိုး… အိပ်မက်ထဲကအဆိပ်တွေ… ဦးနှောက်မှမရှိတာကိုး… အိပ် မက်ထဲကအဆိပ်တွေ… ဦးနှောက်မှမရှိတာကိုး”     ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလတွေကို ပြန် မြင်မိကြမှာဖြစ်ပြီး အက်ဆစ် (ACID) ဟစ်ဟော့ပ်အဖွဲ့ကို ပြန်ပြောင်းသတိရမိကြမှာ ဖြစ်ပါတယ်။     ရန်ရန်ချန်းက ရေးစပ်ပေးထားပြီး ဟစ်ဟော့ပ်ပရိသတ်တွေ ပါးစပ်ဖျား ရေပန်းစား ခဲ့တဲ့ ဒီသီချင်းကိုတော့ ဒီတခါမှာ အက်ဆစ်အဖွဲ့ဝင်တွေနဲ့မဟုတ်ပဲ The Voice Myanmar သီချင်းဆိုပြိုင်ပွဲစင်မြင့်ပေါ်မှာ ပြိုင်ပွဲဝင် မယ်လိုဒီခေါင်နဲ့အတူ ထူးထူးခြားခြား သီဆိုဖျော်ဖြေခဲ့ကြတာကို ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။     ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲ ရဲ့ နောက်ဆုံးအဆင့် ဖိုင်နယ်ပြိုင်ပွဲမှာ မယ်လိုဒီခေါင်က နောက်ဆုံးဆန်ကာတင် ၄ ယောက်ထဲမှာ ပါဝင်ခဲ့တာပါ။     နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့ဟာ သီချင်းတပုဒ်စီနဲ့ အပြိုင်ကြဲသီဆိုယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး Winner ဆုကိုတော့ နိုဗန်ထူးက ရရှိသွားခဲ့တာ ဖြစ်ပါတယ်။     ပြိုင်ပွဲရဲ့ ဖျော်ဖြေမှုတွေထဲမှာ Coach တွေနဲ့ သူတို့အဖွဲ့ထဲက ပြိုင်ပွဲဝင်တယောက် ချင်းစီရဲ့ အတူတွဲသီဆိုမှုတွေလည်း ပါဝင်ခဲ့ပြီး မယ်လိုဒီခေါင်က ရန်ရန်ချန်းနဲ့အတူ ရက် ပ်သီချင်းသီဆိုခဲ့တာဟာ ပရိသတ်တွေကိုရော Coach တွေကိုပါ အံ့အားသင့်စေခဲ့ပါ တယ်။     “ချာတိတ်ဘဝကက်ဆက်ခလုတ်ကိုစကာနှိပ်…  နားထဲမှာအရင်ဆုံးဘဲကြားလိုက် လိုက်ရတယ်ဟေ့… ဘာမြူးဇစ်လဲလို့မင်းတို့ငါ့ကိုမေး… ငါသိတယ်HipHop Rapပါပဲ… ဒီထဲက နားထောင်တဲ့သီချင်းတွေလည်း… ခုများတော့ အိုဟောင်းသွားပီပဲ… ဒါပေမယ့် နားထောင်ကြည့်ခုထက်ထိ… မရိုးသေးဘူး မဟောင်းသေးဘူး… ခေတ်မနောက်ကျဘူး”     အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။     မယ်လိုဒီခေါင်ကတော့ The X Factor Myanmar Season 2 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ သူတဦး ဖြစ်ပါတယ်။     ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့် စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ Semi Final အဆင့်မှာ Coach ၄ ယောက်ရဲ့ အဖွဲ့တဖွဲ့စီက ပြိုင်ပွဲဝင် ၂ ဦးစီနဲ့ ၈ ယောက် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး Coach ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက မယ်လိုဒီခေါင်နဲ့ Solomon King တို့ကလည်း သီချင်းတပုဒ်စီနဲ့ ယှဉ်ပြိုင်ခဲ့ကြတာပါ။ အသက် ၂၀ နှစ်အရွယ် မယ်လိုဒီခေါင်ဟာ Blind Audition မှာ အဆိုတော် ၀ိုင်းလေးရဲ့ GoodBye သီချင်းနဲ့ သီဆိုခဲ့ပြီး Coach နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို ရောက်ရှိ လာခဲ့တာပါ။ Battle Round မှာတော့ သူက အဖွဲ့ထဲက ပြိုင်ဘက် Hazel နဲ့အတူ အဆိုတော် တင်ဇာမော်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ သိပ်ချစ်ရင်ခါးမယ် သီချင်းနဲ့ အပြိုင်ကြဲသီဆိုယှဉ်ပြိုင် ခဲ့ကြပြီး နီနီခင်ဇော်က Hazel ကို ရွေးချယ်ခဲ့ချိန်မှာ Coach နောက်တဦးဖြစ်တဲ့ အဆို တော် ရန်ရန်ချန်းရဲ့ Steal လုပ်ဆက်လက်ရွေးချယ်မှုနဲ့ နောက်တဆင့်ကို တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်တဆင့်ဖြစ်တဲ့ KnockOut Round မှာတော့ မယ်လိုဒီခေါင်ဟာ အဆိုတော် Rihanna ရဲ့ Where Have You Been သီချင်းနဲ့ အဆိုပညာစွမ်းပြနိုင်ခဲ့ပြီး တဆင့် တက်လှမ်းနိုင်ခဲ့ပြန်ပါတယ်။ Live Show အဆင့်ပြိုင်ပွဲမှာတော့ Shine ရဲ့ သီချင်းကောင်းတပုဒ်ဖြစ်တဲ့ The Old You သီချင်းကို ပီယာနိုတီးခတ်မှုနဲ့အတူ တွဲဖက်သီဆိုဟန်ဟာ ဒိုင်တွေကိုရော ပရိသတ် တွေကိုပါ ဖမ်းစားနိုင်ခဲ့ပြီး  ပရိသတ်ပေးတဲ့ မဲအများဆုံးနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက် ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာတော့ နာမည်ကြီးတေးသံရှင် ဖြိုးပြည့်စုံရဲ့ သီချင်းတပုဒ် ဖြစ်တဲ့ ခိုလှုံရာအမည်ရတဲ့ သီချင်းနဲ့ လှလှပပသီဆိုဖျော်ဖြေခဲ့ပြီး ပြိုင်ဘက် Solomon King ကို ဖြတ်ကျော်ကာ နောက်ဆုံးဖိုင်နယ်ထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖိုင်နယ်ပြိုင်ပွဲမှာတော့ မယ်လိုဒီခေါင်က နာမည်ကြီး တေးသံရှင် ထူးအိမ်သင်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ဂျပ်ဆင်ထိပ်က လရိပ်ပြာသီချင်းနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့် Winner ဆုကိုတော့ မရရှိခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024