Home
မြန်မာသတင်း
ဦးဝီရသူကို သာသနာ့ သူရဲကောင်းအဖြစ် မဘသ ဆရာတော်ကြီးများ မိန့်ကြား
DVB
·
June 17, 2019
တရားရင်မဆိုင်ဘဲထွက်ပြေးတိမ်းရှောင်နေတဲ့ ဦးဝီရသူဟာ သာသနာရဲ့သူရဲကောင်း တဦးဖြစ်တယ်လို့  မဘသ ဦးဆောင်ဆရာတော်ကြီးတွေက မိန့်ကြားလိုက်ပါတယ်။ ဗုဒ္ဓဓမ္မပရဟိတအဖွဲ့လို့အမည်ပြောင်းထားတဲ့ မဘသအဖွဲ့ရဲ့ ညီလာခံတွေ့ဆုံပွဲကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းမှာ ကျင်းပရာမှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း(မဘသ) အဖွဲ့ရဲ့ ဒု ဥက္ကဋ္ဌဆရာတော်က မိန့်ကြားသွားတာပါ။ ဦးဝီရသူကို တရားစွဲဆိုတာဟာ  အကုသိုလ်ကို ရှာတာဖြစ်တဲ့အကြောင်းနဲ့ အစိုးရအနေနဲ့ သံဃနာယကအဖွဲ့နဲ့ မဘသကို ရန်တိုက်ပေးနေတယ်လို့လည်း  မဘသ ဦးဆောင်ဆရာတော်တွေ က မိန့်ပါတယ်။ ဦးဝီရသူဟာ ရန်ကုန်နဲ့ မြိတ်မြို့တို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး လူထုဟောပြောပွဲတွေမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝေဖန် ပုတ်ခတ်ပြောဆိုခဲ့တဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နဲ့ တရားစွဲခံ ထားရတာဖြစ်ပါတယ်။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကလည်း ဝိနည်းနဲ့မညီတဲ့၊ မရှက်တတ်တဲ့ သီလမရှိသူကို ဆရာတော်ကို ရဟန်းလို့မခေါ်ထိုက်ကြောင်းနဲ့ သင်္ကန်းဝတ်ထားပေမယ့် သာသနာတော်သန့်ရှင်းပြန့်ပွားအောင်မလုပ်ဆောင်ဘဲ တခြားအရာတွေကို ရှုပ်ထွေးအောင် လုပ်နေသူတွေကို ဆရာတော်လို့ မခေါ်ထိုက်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဗုဒ္ဓဓမ္မပရဟိတအမည်ပြောင်းထားတဲ့ မဘသအဖွဲ့ရဲ့ ညီလာခံတွေ့ဆုံပွဲကို အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းမှာ  ဇွန် ၁၆ ရက်ကနေ ၁၇ ရက်အထိ ပြုလုပ်နေပါတယ်။ ဒါ့အပြင် ဦးဝီရသူနဲ့ပတ်သက်ပြီး အမျိုးသားရေးအမည်ခံ သံဃာတချို့နဲ့ လူတချို့ကလည်း ဆုတောင်းပွဲတွေပြုလုပ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024