ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ကို ရောက်ရှိနေကြတဲ့ သမ္မတဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်တို့ဟာ ငြိမ်းချမ်းရေးနန်းတော် (Peace Palace) ဟိုတယ်တွေ့ဆုံပွဲမှာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွေ အမှန်တကယ် လက်တွေ့ အကောင်အထည်ဖော်နိုင်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပူးတွဲကြေညာချက် ထုတ်ရာမှာ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ၎င်းနဲ့ဆက်နွယ်တဲ့ စီမံကိန်းနေရာတွေမှာ ထိုင်းနိုင်ငံက ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့။ အရေးကြီး အဓိကလုပ်ငန်းတွေဖြစ်တဲ့ လမ်းတွေ၊ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်စက်ရုံ၊ ရေပေးဝေးရေး၊ အညစ်အကြေးစွန့်စနစ်၊ ဆက်သွယ်ရေး လုပ်ငန်းနဲ့ မြန်နှုန်းမြင့်ရထား အပါအ၀င် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
[caption id="attachment_33263" align="alignleft" width="300" caption="ထိုင်း ၀န်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်နှင့် သမ္မတ ဦးသိန်းစိန်"]

[/caption]
ဒါ့အပြင် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထားဝယ်စီမံကိန်း အရေးပါမှုကို အဓိကထားလုပ်ဆောင်ရန်၊ လုပ်ကိုင်နိုင်စွမ်းရှိတဲ့ နိုင်ငံတွေနဲ့ အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေကို စီမံကိန်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်ရေးတို့ ပါဝင်ပါတယ်။
ဂျပန်က မြန်မာကို အကူအညီပေးရန် သဘောတူ
နိုဝင်ဘာ ၁၉ ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံကို ရောက်နေတဲ့ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဟိုရှီဟီကိုနိုဒါ ဦးဆောင်တဲ့ ဂျပန်ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အဖွဲ့ ဖနွမ်းပင်မြို့က ငြိမ်းချမ်းရေးနန်းတော် (Peace Palace) ဟိုတယ်မှာ ထပ်မံတွေ့ဆုံခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲမှာ ဂျပန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ ကျန်ရှိတဲ့ ကြွေးမြီတွေ လျှော့ချရေးကို အရင်သဘောတူထားတဲ့အတိုင်း ၂၀၁၃ ဇန်န၀ါရီမှာ စတင် အကောင်အထည်ဖော်မယ်လို့ ပြောဆိုပါတယ်။
[caption id="attachment_33264" align="alignright" width="300" caption="သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ဟိုရှီဟီကိုနိုဒါ"]

[/caption]
ချေးငွေအသစ်အနေနဲ့လည်း ဂျပန်ယန်း သန်း ၅ သောင်းကို နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တွေ၊ သီလ၀ါဆိပ်ကမ်းတည်ဆောက်ရေး ကိစ္စရပ်တွေ၊ ရေနက်ဆိပ်ကမ်းတွေ တည်ဆောက်ရေးနဲ့ မြန်မာ အစိုးရဆောင်ရွက်နေတဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်တွေမှာ သုံးဖို့ ဖြစ်ကြောင်း ပြောပါတယ်။
၂၀၁၃ ခုနှစ်မှာ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကျင်းပနိုင်ရေးအတွက် ဆက်သွယ်ရေးကဏ္ဍတွေကို ကူညီပေးမယ့်အကြောင်းနဲ့ ၂၀၁၄ အာဆီယံအလှည့်ကျ တာဝန်ယူမယ့်အချိန်မှာ အကူအညီပေးမယ့်အကြောင်း၊ လုပ်ငန်းတွေ အဆင်ပြေစေဖို့ မြန်မာအရာရှိတွေကို ဂျပန်နိုင်ငံကို ခေါ်ယူပြီး ပညာပေးလေ့ကျင့်ကူညီမယ်လို့ ဆိုပါတယ်။ ၀န်ကြီးအဆင့်နဲ့ အဆင့်မြင့်အရာရှိတွေကိုလည်း ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
မြန်မာသမ္မတဦးသိန်းစိန်ဟာ နိုဝင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့မှာ အမေရိကန်သမ္မတ မစ္စတာ ဘားရတ်အိုဘားမားနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထိုင်းနဲ့ ဂျပန်ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။