Home
ရုပျသံ
တကျော့နှစ်ကျော့တေးကိုသီ သီချင်းဖြင့် The Voice Myanmar ဖိုင်နယ်မှာ အကောင်းဆုံးယှဉ် ပြိုင်ခဲ့သည့် ဟေဇယ်လ်(ရုပ်သံ)
DVB
·
June 17, 2019
  “မောင်လေးရေ … ထပါတော့ ရောင်နီလာလှပေါ့… ညီမလေးရေ … ထပါတော့ ရောင်နီလာလှပေါ့… တကျော့နှစ်ကျော့တေးကိုသီ… ငှက်ကျားနှုတ်ပလီ”     ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက အရမ်းနာမည်ကြီးခဲ့တဲ့ ၀ါရင့်အဆိုတော် တင်တင်မြရဲ့ သီချင်းတပုဒ်မှန်း ပရိသတ်တွေက သိကြပြီး ဖြစ်မှာပါ။     ဒီတခါမှာတော့ ဒီသီချင်းကို The Voice Myanmar Season 2 ရဲ့ ဖိုင်နယ်ညမှာ ပုံစံတမျိုးနဲ့ အားမာန်ပါပါသီဆိုဖျော်ဖြေမှုနဲ့ ရှုစားခဲ့ကြရတာ ဖြစ်ပါတယ်။     မနေ့ညက ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Grand Final အဆင့်မှာတော့ ပြိုင်ပွဲဝင် ၄ ယောက်က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာပါ။ အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲ မှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။ ဟေဇယ်လ်ကတော့ အိပ်မက်ဆုံရာ ရာသက်ပန် Season 2 မှာ First Runner Up ဆုကို ဆွတ်ခူးရရှိခဲ့သူဖြစ်ပြီး The Voice Myanmar ရဲ့ ပြိုင်ပွဲပွဲစဉ်တလျှောက် ခက်ခဲပြီး ပညာသားပါတဲ့ အဆိုပညာစွမ်းပြရတဲ့ သီချင်းတွေနဲ့သာ အများဆုံး ယှဉ်ပြိုင်ခဲ့သူတဦး လည်း ဖြစ်ပါတယ်။ ပရိသတ် စိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့် စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့် ကို ရောက်ရှိတာ ဖြစ်ပါတယ်။     “မောင်လေးရေ … ထပါတော့ ရောင်နီလာလှပေါ့… ညီမလေးရေ … ထပါတော့ ရောင်နီလာလှပေါ့… တကျော့နှစ်ကျော့တေးကိုသီ… ငှက်ကျားနှုတ်ပလီ… တီတာခွန်း သွဲ့ လဲ့လဲ့သံစဉ်ညီ… မုန်းလျှင်အပြစ် ချစ်လျှင်အကျိုး… မြတ်နိုးတော့သဒ္ဒါ … အိပ်မက်သံ သရာမှ နိုးထစေချင်သည်… ဖြိုးဖြရွှေရင် ဘ၀င်စိမ့်စိမ့် သိမ့်သိမ့်ညီ… ကျမတို့ငယ်ငယ် မိရယ်ဖရယ် ဘ၀ရယ်စုံစုံညီ… ချစ်သဒ္ဒါလောင်း သြော် မေတ္တာအပေါင်း… ချစ်ကြောင်း ကုန်စင်သည်… ချစ်ကြောင်းကုန်စင်သည်… တစ်မိတစ်ဝမ်း ချမ်းမြလျှမ်းပ… ဘယ်သူ့မှ မမျှဝေ ရလေလိုလေဖြစ်ခဲ့ မိပါသည်”     နောက်ဆုံးအဆင့်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ၄ ယောက် ရွေးချယ်သီဆိုခဲ့ကြတဲ့ သီ ချင်းတွေဟာ ပုံစံတမျိုးနဲ့ ထူးထူးခြားခြားဖြစ်နေခဲ့ကြတာကို တွေ့ရပါတယ်။     ဟေဇယ်လ်က နာမည်ကြီး ရုပ်ရှင်ဇာတ်ဝင်သီချင်းတပုဒ်ဖြစ်တဲ့ တကျော့နှစ်ကျော့ တေးကိုသီ သီချင်းနဲ့ အကောင်းဆုံးယှဉ်ပြိုင်ခဲ့သလို နိုဗန်ထူးကတော့ အဆိုတော် ရေ မွန်ရဲ့ နောက်ကျောသီချင်းနဲ့ အစွမ်းပြသီဆိုသွားခဲ့တာပါ။     နောက်ထပ်ပြိုင်ပွဲဝင် ၂ ဦးဖြစ်ကြတဲ့ မယ်လိုဒီခေါင်နဲ့ ပေါလ်အော်စတင်တို့က တော့ တေးသံရှင်ထူးအိမ်သင်ရဲ့ ဂျပ်ဆင်ထိပ်က လရိပ်ပြာ၊ တေးသံရှင် ဆုန်သင်းပါရ်ရဲ့ သခင်စတဲ့ သီချင်းတွေနဲ့ လှလှပပ သီဆိုယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။     အဲဒီနောက် သူတို့ ယှဉ်ပြိုင်နေချိန်နဲ့ တခြားဧည့်သည်အဆိုတော်တွေရဲ့ ဖျော်ဖြေ မှုတွေ၊ Team တခုစီက ပြိုင်ပွဲဝင်နဲ့ Coach တို့ အတူတွဲသီဆိုနေကြချိန်မှာ မဲပေးနိုင်မယ့် Voting လိုင်းကို ဖွင့်ထားပေးခဲ့ပြီး နောက်ဆုံးမှာတော့ ဆုရရှိမယ့်ပြိုင်ပွဲဝင်ကို ကြေညာ ပေးမယ့် အချိန်ရောက်ရှိလာခဲ့တာပါ။     သူတို့ ၄ ယောက်ထဲက Top 2 အဖြစ် ရွေးချယ်ကြေညာချိန်မှာတော့ မိန်းကလေး ပြိုင်ပွဲဝင် ၂ ယောက်ဖြစ်တဲ့ ဟေဇယ်လ်နဲ့ မယ်လိုဒီခေါင်တို့ ကျန်နေခဲ့ပြီး ပေါလ်အော်စ တင်နဲ့ နိုဗန်ထူးတို့က မဲအများဆုံး ၂ ဦးအဖြစ် ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ကြတာ ဖြစ်ပါ တယ်။     အဲဒီနောက် ပရိသတ်ပေးတဲ့ မဲအများဆုံးနဲ့ Winner ဆုရှင်ကို ကြေညာလိုက်ချိန်မှာ တော့ ကျားပေါက်ရဲ့ အဖွဲ့ထဲက နိုဗန်ထူးက ဆွတ်ခူးရရှိသွားခဲ့တာပါ။     မနှစ်က မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသားပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသားပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။     Season 1 တုန်းကလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ နောက်ဆုံးအဆင့် Top 2 နေရာ မှာ အမျိုးသား ပြိုင်ပွဲဝင် ၂ ယောက်ရှိနေခဲ့တာမို့ ဒါဟာလည်း ထူးခြားတဲ့ တိုက်ဆိုင်မှုတ ခုဖြစ်နေခဲ့တာပါ။     ဟေဇယ်လ်ကတော့ The Voice Myanmar ရဲ့ ပြိုင်ပွဲ ပွဲစဉ်တလျှောက်မှာ ဒီသီ ချင်းတွေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ Hazel(55503) Blind Audition(ချောစုခင်-ကိုယ့်အတွက်အိပ်မက် မင်းမက်လား) Battle Round(တင်ဇာမော်-သိပ်ချစ်ရင်ခါးမယ်) KnockOut Round(ဖြူဖြူကျော်သိန်း-မိုးရေစက်များ) Liveshow(တင်ဇာမော်-ဘုံ) Semi Final(နီနီခင်ဇော်-ခရေလမ်းဒိုင်ယာရီ) Final(တင်တင်မြ-တကျော့နှစ်ကျော့တေးကိုသီ)    

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024