A d v e r t i s e m e n t With Us

နယ်စပ် အကောက်ခွန်မဲ့ ဖမ်းဆီးရမိမှုတွင် အ၀တ်အထည် အများဆုံးဖြစ်

လတ်တလော တရုတ်-မြန်မာနယ်စပ် မူဆယ်ဘက်မှာ စီးပွား-ကူးသန်း ၀န်ကြီးဌာနက ဦးဆောင်ပြီး Mobile Team တွေနဲ့ တရားမ၀င် အကောက်ခွန်မဲ့ တင်သွင်းလာတဲ့ ကုန်စည်းတွေကို စစ်ဆေးဖော်ထုတ်နေရာမှာ တရုတ်နိုင်ငံလုပ် အထည်အလိပ်နဲ့ လျှပ်စစ်ပစ္စည်းတွေက အများဆုံး ဖြစ်ကြောင်း စီးပွား-ကူးသန်း ၀န်ကြီးဌာန လက်ထောက် ညွှန်မှူး ဦးမြင့်ဦးက ဒီဗွီဘီကို ပြောပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံလုပ် မုန့်မျိုးစုံ၊ အချိုရည်နဲ့ ပရိဘောဂတွေလည်း ပါဝင်ပြီး နယ်စပ် ကုန်သွယ်ရေး သွင်းကုန်စခန်းကို ပြန်သယ်ဆောင်စေကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သွင်းကုန်လျှောက်တာ၊ အခွန်ဆောင်ခိုင်းတာ၊ ဒဏ်ရိုက်တာတွေ လုပ်နေတယ်လို့ ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ အေးခဲကြက်သားနဲ့ မွေးမြူရေးထွက် ပစ္စည်း ကီလို ၅၀၀ လောက်ကိုတော့ ချက်ချင်း မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။ ၀န်ကြီးဌာနတွေနဲ့ ဒေသအာဏာပိုင်တွေ ပူးပေါင်းထားတဲ့ တရားမ၀င် ကုန်သွယ်မှု တားဆီးရေး Mobile Team နောက်တဖွဲ့ကို ဖွဲ့စည်းပြီး ဒီနေ့ နိုဝင်ဘာ ၂၀ ရက်ကစ ထိုင်းနယ်စပ် မြ၀တီ နယ်စပ်ဂိတ်ဘက်မှာ လှုပ်ရှားနေပြီဖြစ်ကြောင်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up