အင်ဒိုနီးရှားနိုင်ငံသား ဗစ်တိုရီယိုကို ပထမအချီမှာတင် ဖိုးသော် အလဲထိုး အနိုင်ယူ

“ONE Championship - Legendary Quest” ကိုယ်ခံပညာ ဘက်စုံသုံး တိုက်ခိုက်ရေးပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု MMA ကစားသမားဖိုးသော်ဟာ အင်ဒိုနီးရှားနိုင်ငံက ဘက်စုံသုံးတိုက်ခိုက်ရေးသမား ဗစ်တိုရီယိုဆန်းဒေါ့ကို ပထမအချီမှာပဲ အလဲထိုး အနိုင်ယူသွားပါတယ်။ ပထမအချီပြီးခါနီး စက္ကန့်ပိုင်းအလိုမှာ ဖိုးသော်က ဗီတိုရီယိုရဲ့ ဘယ်ဘက်ပါးစောင်အား ညာလက်သီးထိုးချက်တွေနဲ့ အလဲထိုးအနိုင်ယူသွားတာပါ။ အဆိုပါပြိုင်ပွဲမှာ တွဲဆိုင်း ၁၄ ဆိုင်းအထိ ပါဝင်ခဲ့ပြီး အဓိကတွဲဆိုင်းအဖြစ် ထိုင်းနိုင်ငံက ဖာတက်၊ ဂျပန်က ဂျူနီကူတို့ အက်တန်ဝိတ်တန်း ကမ္ဘာ့မွေထိုင်း ချန်ပီယံလုပွဲ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီပြိင်ပွဲကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ  ကျင်းပပြုလုပ်ခဲ့တာပါ။ MMA ကစားသမား ဖိုးသော်အတွက် ဒီပွဲဟာ ပထမဆုံး နိုင်ငံခြားမှာ သွားရောက်ကစားတဲ့ပွဲ ဖြစ်ပါတယ်။ အခုပွဲအပါအ၀င် ဖိုးသော်ဟာ ကိုယ်ခံပညာဘက်စုံသုံး တိုက်ခိုက်ရေးပြိုင်ပွဲမှာ ၉ ပွဲယှဉ်ပြိုင်ထားရာမှာ ၈ ပွဲနိုင်ပြီး ၁ ပွဲ ရှုံးနိမ့်ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up