Homeမြန်မာသတင်း
ရှမ်းပြည်နယ်တွင် ငြိမ်းချမ်းရေးမရသရွေ့ မူးယစ်ဆေးပြဿနာ ဖြေရှင်းရန်ခက်ခဲဟု ရဲမှူးချုပ်ပြော
ရှမ်းပြည်နယ်တွင် ငြိမ်းချမ်းရေးမရသရွေ့ မူးယစ်ဆေးပြဿနာ ဖြေရှင်းရန်ခက်ခဲဟု ရဲမှူးချုပ်ပြော
DVB
·
June 16, 2019
ရှမ်းပြည်နယ်မှာ ငြိမ်းချမ်းရေး မရသရွေ့ မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းဖို့ ခက်ခဲနေဆဲ ဖြစ်တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ခင်ဇော်အောင်က ပြောပါတယ်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ တတိယ (၁) နှစ်တာ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဟာ အကိုင်းအခက်အသေးစားတွေသာ ဖမ်းဆီးရမိပြီး ပင်ရင်းအထိ ဖမ်းဆီးဖို့ ခက်ခဲနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးဟာ အကျိုးအမြတ်အလွန်များပြားတဲ့အတွက် သယ်ယူတဲ့ လမ်းကြောင်းပေါ် သတင်းအရ ရဲတပ်ဖွဲ့က ဖမ်းဆီးရခြင်းဖြစ်တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ်က ဆိုပါတယ်။
ရှမ်းပြည်နယ်မှာ သွားလာလို့လွယ်ကူတဲ့ နေရာရှိသလို လက်နက်ကိုင်အဖွဲ့ အစည်းတွေ များတဲ့အတွက် သွားလာဖို့ ခက်ခဲတဲ့ နေရာတွေရှိတာကြောင့် ဖမ်းဆီးရမိမှု ခက်ခဲတာလို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။
မူးယစ်ဆေးဝါး ပေါးများလွန်းတာကြောင့် တချို့နေရာမှာ ကျောင်းသားတွေ သုံးစွဲတဲ့အထိ ဖြစ်လာပြီး ဖမ်းဆီးရမိမှုကလည်း တထက်တနှစ် များလာတယ်လို့ သိရပါတယ်။
၂၀၁၈ ကနေ ၂၀၁၉ ခုနှစ်အတွင်း ရှမ်းပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၄ ထောင်ကျော်ရှိခဲ့ပြီး တရားခံ ၄ ထောင်နီးပါး ဖမ်းဆီးရမိခဲ့ကာ တန်ဖိုးငွေ ၂၀၆.၄ ဘီလီယံဖိုး ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။