Live
Home
မြန်မာသတင်း
ရှမ်းပြည်နယ်အစိုးရဟောင်း ချေးငှားခဲ့သည့် ကျပ်သန်း ၇၀၀၀ ကျော်ကို ပြန်တောင်း
ခွန်ဇော်ဦး
·
June 16, 2019
အရင် ရှမ်းပြည်နယ်အစိုးရက ဒေသန္တရဖွံ့ဖြိုးရေး ရန်ပုံငွေကနေ ချေးငှားထားပေးခဲ့တဲ့ ကုမ္ပဏီ ၃ ခုဟာ လက်ရှိအချိန်ထိ အရင်းကော အတိုးပါ စုစုပေါင်း ကျပ်သန်း ၇၀၀၀ ကျော်ကို အပြည့်အ၀ ပြန်မဆပ်သေးတာကြောင့် လက်ရှိရှမ်းပြည်နယ် အစိုးရက တောင်းယူနေရပါတယ်။ အရင် ရှမ်းပြည်နယ်အစိုးရက လက်ရှိ ရှမ်းပြည်နယ်အစိုးရသစ်ကို လွှဲပြောင်းချိန်မှာ ဘဏ်အကောင့်တွေထဲမှာ ကျပ်သိန်း ၉၀၀၀ ကျော်သာ ထားခဲ့ပါတယ်။ ကျန်တဲ့ ဒေသန္တရဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၅ ဒသမ ၆ ဘီလီယံကို ကုမ္ပဏီ ၃ ခုအား ချေးငှားထားခဲ့ပါတယ်။ အဲဒီကုမ္ပဏီ ၃ ခုဟာ လက်အချိန်ထိ အရင်ကော အတိုးပါ အပြည့်အ၀ ပြန်မဆပ်သေးတာ ကြောင့် လက်ရှိ ရှမ်းပြည်နယ်အစိုးရက ရရှိရမယ့် ကျပ်သန်း ၇၀၀၀ ကျော်ကို ပြန်တောင်းယူနေရတာပါ။ အရင် ရှမ်းပြည်နယ်အစိုးရ သက်တမ်း ၅ နှစ်ရဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် စာရင်းစစ် အစီရင်ခံစာရဲ့ တွေ့ရှိချက်ကို အခြေခံပြီး ကလောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က ပြီးခဲ့တဲ့ ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့လို့ ဒီကုမ္ပဏီ ၃ ခု ကိစ္စကို လူထုသိလာရတာဖြစ်ပါတယ်။ ဖြူစင် ကုမ္ပဏီနဲ့ စိုးလွင်အောင် ကုမ္ပဏီက အရင်းကော အတိုးပါ ပေးသွင်းထားတာတွေ ရှိပါတယ်။ မင်းကျန်စစ် ကုမ္ပဏီက အရင်းရော အတိုးပါ ပေးသွင်းထားတာမရှိတာကြောင့် ၅ ဒသမ ၆ ဘီလီယံ ပေးဆပ်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရှမ်းပြည်အစိုးရက ခေါ်ယူညှိနှိုင်းရာမှာတော့ မင်းကျန်စစ်ကုမ္ပဏီက ငွေသား အဖြစ် ၂ ဒသမ ၄ ဘီလီယံကို ပြန်ဆပ်မှာဖြစ်ပါတယ်။ ကျန်တဲ့ ငွေကတော့ မဆပ်နိုင်တော့တာကြောင့် ငွေတွေအစား ကုမ္ပဏီက ဆောက်လုပ် ပြီးသား တိုက်ခန်းတွေကို အရစ်ကျပြန်ရောင်းပေးဖို့၊ ရှမ်းပြည်နယ်အစိုးရကို ၀ယ်ယူပေးဖို့ စာတင်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024