ဟောင်ကောင် တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ဟောင်ကောင်တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်က ဇွန် ၁၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ကယ်ရီလမ်က ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပါတီအသီးသီးနဲ့ ဆွေးနွေးတိုင်ပင်ပြိးနောက်မှာ နောက်လုပ်မယ့် အဆင့်တွေကို ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ နောက်ထပ် ထိခိုက်နစ်နာမှုတွေကို ရှောင်ရှားဖို့အတွက် ဟောင်ကောင်အစိုးရက ဥပဒေကြမ်းကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ လမ်က ပြောပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေးမှူးချုပ်လမ်က နောက်အဆင့်ကို မဆုံးဖြတ်ခင် လုံခြုံရေးနဲ့ပတ်သက်လို့ ဥပဒေပြုကောင်စီအဖွဲ့ဝင်တွေကို အစီရင်ခံ တိုင်ပင်သွားဖို့လည်း ကတိပြုတယ်လို့ ပြောပါတယ်။ တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး  ဇွန်လ ၉ ရက်နေ့က ဟောင်ကောင်မှာ လူ ၁ သန်းလောက် ကန့်ကွက်ဆန္ဒပြခဲ့တယ်လို့ ချီတက်ပွဲ စီစဉ်သူတွေက ဆိုပါတယ်။ သီတင်းပတ်အတွင်း ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယို ဓာတ်ငွေ့၊ ရာဘာကျည် အသုံးပြု ဖြိုခွင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up