မက္ကဆီကိုက ကျူးဘားနိုင်ငံသား ၇၆ ဦးကို နေရပ်ပြန်ပို့

အမေရိကန်နိုင်ငံ သွားရောက်မယ့် ရွှေ့ပြောင်းသူတွေကို တားဆီးမယ်ဆိုပြိး မက္ကဆီကိုက ကတိပေးထားတဲ့အတွက် ဇွန် ၁၄ ရက်နေ့က မက္ကဆီကိုအာဏာပိုင်တွေဟာ ကျူးဘားနိုင်ငံသား ၇၆ ယောက်ကို နေရပ်ပြန်ပို့ခဲ့ပါတယ်။ အဲဒီရွှေ့ပြောင်းလာသူတွေကို အာကာယိုကန်၊ ဗာရာခရုဇ်နဲ့ တာပါချူလာ မြို့တွေမှာ  ထိန်းသိမ်းထားပြီး ချီယာပါ့စ်ပြည်နယ် တာပါချူလာမြို့ကနေ နေရပ်ပြန်ပို့ခဲ့တာပါ။ အဲဒီ ကျူဘားရွှေ့ပြောင်းသူတွေကို ထိန်းသိမ်းရေးစခန်းကနေ ဘတ်စ်ကားနဲ့ခေါ်ဆောင်ပြီး ဟာဗားနားဆီ ပျံမယ့် ရဲတပ်ဖွဲ့လေယာဉ်ပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ စောင့်ကြပ်ပို့ဆောင်ခဲ့တာပါ။ တချိန်တည်းမှာပဲ မက္ကဆီကိုအစိုးရက တောင်ပိုင်း ဂွါတီမာလာနယ်စပ်ကို အမျိုးသားအစောင့်တပ်ဖွဲ့တွေ စေလွှတ်ဖို့ ပြင်ဆင်နေတာကြောင့် ဗဟိုအမေရိက ပြောင်းရွှေ့လာသူတွေကလည်း အဲဒီလိုတားဆီးမှုကို ကျော်လွှားဖို့ စိုင်းပြင်းနေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ခွန်တွေကို ရှောင်လွှဲလိုတဲ့အတွက် တရားမ၀င် ၀င်လာသူတွေကို တားဆီးမယ်ဆိုပြီး ပြိးခဲ့တဲ့ သီတင်းပတ်က မက္ကဆီကိုဟာ အမေရိကန်နဲ့ သဘောတူခဲ့ပါတယ်။

More News
Up