Home
မြန်မာသတင်း
တာချီလိတ်တွင် ကျပ်သိန်း ၄ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများနှင့် လက်နက်များ ဖမ်းမိ
DVB
·
June 15, 2019
မနေ့က တာချီလိတ်မြို့နယ်ထဲမှာ ကျပ်သိန်း ၄ သောင်းကျော်ဖိုး မူးယစ်ဆေးဝါးနဲ့ ကျည်ဆန်မျိုးစုံ အတောင့် ၂ သောင်းလောက်အပါအဝင် လက်နက်တွေကို ရဲတပ်ဖွဲ့က ပိုင်ရှင်မဲ့ ဖမ်းမိခဲ့ပါတယ်။ တာချီလိတ်မြို့နယ်၊ ပါခါးရွာနားက ရေမြောင်းထဲမှာ တာလပတ်စ၊ သစ်ကိုင်းတွေနဲ့ ဖုံးထားတဲ့ဆာလာအိတ်တွေကို မသင်္ကာလို့ မနေ့ နေ့လယ်က စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ အိတ်ပေါင်း ၂၁ အိတ် တွေ့ရပြီး စိတ်ကြွဆေးပြား ၄၂ သိန်းခွဲကျော် (၁ ပြားကို ကျပ် ၁,၀၀၀ နှုန်းနဲ့ တန်ဖိုးကျပ် ၄၂,၅၄၀ သိန်း)၊ စိတ်ကြွဆေးမှုန့် ၁.၉ ကီလို(၁ ကီလိုကို ကျပ် သိန်း ၁၀၀ နှုန်းနဲ့  တန်ဖိုးကျပ် သိန်း ၁၉၀)၊ ကတ်တမင်း ၉၀၀ ဂရမ်(၁ ဂရမ်ကို ကျပ် ၁၀,၀၀၀ ကျပ်နှုန်းနဲ့ တန်ဖိုးကျပ် ၉၀ သိန်း)၊ ဘိန်းညိုမှုန့် ၅ ကီလို(၁ ကီလိုကို ကျပ်သိန်း ၁၂၀ နှုန်းနဲ့ တန်ဖိုးကျပ် သိန်း ၆၀၀ သိန်း)၊ သေနတ်မျိုးစုံ ၉ လက်၊ ကျည်အိမ် ၈ ခု၊ ကျည်ဆန်ခဲယမ်းမျိုးစုံ ၁၉,၂၇၉ တောင့်၊ စကားပြောစက် ၄ လုံး၊ ဒစ်ဂျစ်တယ်ချိန်ခွင် ၈ ခု၊ ပလပ်စတစ်အိတ်နဲ့ တံဆိပ်တုံးတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မနေ့ နေ့လယ်မှာပဲ တာချီလိတ်မြို့နယ်၊ ရေပူစမ်းရွာနားက တထပ်တိုက်ကို မသင်္ကာလို့ ဝင်ရောက်ရှင်းလင်းရာမှာ ဘိန်းဖြူ ၅.၃ ကီလို(၁ ကီလိုကို ကျပ်သိန်း ၁၆၀ သိန်းနှုန်းနဲ့ တန်ဖိုးကျပ် ၈၄၈ သိန်း)နဲ့  မူးယစ်ဆေးဝါးပြုလုပ်ရာမှာ သုံးတဲ့ တခြား ဆက်စပ် ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အိမ်ရှင်ဘယ်သူလဲ ဆိုတာကိုတော့ စိစစ်နေဆဲလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024