ဆူဒန်အရေး ဖြေရှင်းရန် ကုလ၊ အီးယူနှင့် အာဖရိကသမဂ္ဂတို့ ပူးပေါင်း

ဓာတ်ပုံ - Ebrahim Hamid/AFP/Getty
ဆူဒန်နိုင်ငံရေး အကျပ်အတည်း ကြားဝင်စေ့စပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အီးယူတို့က ကိုယ်စားလှယ်တွေဟာ အာဖရိကသမဂ္ဂနဲ့ ပူးပေါင်းခဲ့ကြပါတယ်။ ဆူဒန်နိုင်ငံမှာ သမ္မတ အိုမာအယ်လ်ဘာရှားကို ဖြုတ်ချပြီး နှစ်လအကြာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား အကြမ်းဖက်မှုဖြစ်ပြီး ၆၁ ယောက် သေဆုံးတယ်လို့ အစိုးရက ပြောပါတယ်။ ဒါပေမယ့် အတိုက်အခံနဲ့ ဆက်နွှယ်တဲ့ ဆေးဘက်ဝန်ထမ်းတွေကတော့ ၁၁၈ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဆိုပါတယ်။ အဲဒီလို ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းပြီးနောက်မှာ အာဏာရ စစ်ဘက်အသွင်ကူးပြောင်းရေး ကောင်စီ (TMC) နဲ့ အတိုက်အခံ မဟာမိတ်တို့ရဲ့ ဆွေးနွေးပွဲ ပျက်ခဲ့ပါတယ်။ အဲဒီလို သွေးထွက်သံယို ဖြိုခွင်းမှုကို အမေရိကန် အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက စိုးရိမ်ပူပန်ခဲ့ပါတယ်။ ဆူဒန်အကျပ်အတည်း ကြားဝင်ဆွေးနွေးနေတဲ့ အာဖရိကသမဂ္ဂ အထူးသံတမန်က အဲဒီဖြိုခွင်းမှုကို စုံစမ်းဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

More News
Up